နောက်ပိုင်းမှာ OnePlus 9 စီးရီးနဲ့ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်ပေါ်လာပါတယ်။ OnePlus 9 စီးရီးကို အနည်းဆုံး မော်ဒယ် 3 မျိုးတို့ဖြင့် ရောင်းချလာဖို့ ရှိပါတယ်။ OnePlus 9 စီးရီးမှာ ဈေးနှုန်း အသက်သာဆုံးဖြစ်လာမယ့် စမတ်ဖုန်းကတော့ OnePlus 9E ဖြစ်ပါတယ်။ ယနေ့မှာ OnePlus 9E နဲ့ပတ်သက်ပြီး သတင်းအချို့ ထွက်ပေါ်လာပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ OnePlus 9E မှာ 6.5 လက်မ 2400x1080px Resolution သုံးလာမှာဖြစ်ပြီး အဓိက ကင်မရာက 64MP ဖြစ်လာပါမယ်။ ဒီဖုန်းကို Snapdragon 690 Chipset နှင့် ပါဝါထောက်ပံ့လာပါမယ်။

OnePlus 9E မှာ 8MP Ultrawide ကင်မရာလည်း ပါဝင်ပါမယ်။ RAM8GB နှင့် Storage 128GB ပါဝင်ပါမယ်။ ဘက်ထရီ 5000 mAh ပါဝင်ပါမယ်။

OnePlus 9E နဲ့အတူ OnePlus 9 ရဲ့ သတင်းအချို့လည်း ထွက်ပေါ်လာပါတယ်။ OnePlus 9 မှာ 6.55 လက်မ Fluid AMOLED ရုပ်ထွက်နှင့် 120Hz Refresh Rate သုံးလာပါမယ်။

ကျောဘက်ကင်မရာ 3 လုံးက 48MP+50MP+2MP ဖြစ်ပါတယ်။ RAM8GB နှင့် Storage 128GB ပါဝင်ကာ Android 11 ပါဝင်ပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 65W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OnePlus 9E တွင် 90Hz Display နှင့် Snapdragon 690 အသုံးပြုလာမည်





