LG ဟာ 2020 ခုနှစ်၊ နိုဝင်ဘာလတုန်းက ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်း W31 စီးရီးကို ကြေညာရောင်းချခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ နောက်ထပ် မျိုးဆက်သစ် 1 မျိုးကို ကြေညာဖို့ အဆင်သင့်ဖြစ်ဖို့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။

LG W41 စီးရီးကို မကြာမီ ကာလအတွင်းမှာ ကြေညာလာဖို့ ရှိနေကြောင်း သိရပါတယ်။ LG W41 စီးရီးအဖြစ် LG W41 ၊ LG W41+ နှင့် LG W41 Pro ဆိုပြီး မော်ဒယ် 3 မျိုးနှင့် ကြေညာရောင်းချလာပါမယ်။

LG W41 မှာ RAM4GB နှင့် Storage 64GB ပါဝင်မှာဖြစ်ပြီး LG W41 Plus မှာ RAM4GB နှင့် Storage 128GB ပါဝင်လာပါမယ်။ W41 Pro မှာ RAM6GB နှင့် Storage 128GB ပါဝင်ပါမယ်။

LG W41 စီးရီးမှာ 6.55 လက်မ HD+ ရုပ်ထွက် သုံးလာမှာဖြစ်ပြီး Punch-Hole မှာ ရှေ့ကင်မရာ 8MP သုံးလာပါမယ်။ ကျောဘက်ကင်မရာ 4 လုံး ပါဝင်မှာဖြစ်ပြီး 48MP + 8MP Ultrawide + 2MP Macro + 2MP Depth ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းလာပါမယ်။

ဘက်ထရီ 5000 mAh ပါဝင်ပြီး MediaTek Helio G35 Chipset နှင့် ပါဝါထောက်ပံ့လာပါမယ်။

လက်ရှိအချိန်မှာ LG W41 စီးရီးကို ဘယ်တော့ မိတ်ဆက်လာမလဲဆိုတာ မကြေညာသေးပါဘူး။ ဒါပေမယ့် မကြာမီ ကာလအတွင်းမှာ ကြေညာလာဖို့ သေချာနေပြီ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

LG W41 စီးရီးကို မော်ဒယ် 3 မျိုးဖြင့် ထွက်လာမည်






