ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Vivo ၊ OPPO ၊ Xiaomi ၊ Google တို့ဟာ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းထုတ်လုပ် ရောင်းချဖို့ လုပ်ဆောင်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။ ယနေ့မှာ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းနဲ့ပတ်သက်ပြီး သတင်း ထပ်ထွက်လာပါတယ်။

ဒါပေမယ့် Vivo ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် Samsung က OPPO ၊ Xiaomi ၊ Google တို့က ထုတ်လုပ်ရောင်းချလာမယ့် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းများအတွက် ခေါက်နိုင်တဲ့ ရုပ်ထွက်များ ထုတ်လုပ်ပေးလာမှာဖြစ်ကြောင်း သိရပါတယ်။

OPPO ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းက Galaxy Z Flip ကဲ့သို့ ဒီဇိုင်းမျိုး သုံးလာမှာဖြစ်ပြီး ဖုန်းရဲ့ကျောဘက်မှာ 1.5 လက်မမှ 2 လက်မ အတွင်းရှိ ရုပ်ထွက်ငယ် 1 ခု ပါဝင်ပါမယ်။

OPPO ဟာ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ထုတ်လုပ်ဖို့အတွက် Samsung အပြင် BOE ၊ Visonox တို့နှင့်လည်း လုပ်ဆောင်နေတာပါ။ သူတို့ရဲ့ စမတ်ဖုန်းမှာ 7.7 လက်မ မျက်နှာပြင် သုံးလာပါမယ်။

Xiaomi ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းက Galaxy Z Fold ကဲ့သို့ အတွင်းခေါက် ရုပ်ထွက်ဒီဇိုင်းမျိုးဖြစ်ပြီး မျက်နှာပြင် 8.02 လက်မ သုံးလာပါမယ်။ Xiaomi ဟာ Samsung အပြင် CSOT နှင့်လည်း အလုပ်လုပ်နေပါတယ်။ Xiaomi ဟာ Galaxy Z Flip ကဲ့သို့ 6.38 လက်မရှိ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းလည်း ထုတ်လုပ်ဖို့ လုပ်နေပါသေးတယ်။

Google ရဲ့ ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းက 7.6 လက်မ ရှိလာမယ်လို့ သိရပါတယ်။ OLED သုံးလာမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Samsung က ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်နေပြီး ယခုနှစ်မှာလည်း ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်း 3 မျိုးအထိ ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Google ၊ OPPO ၊ Xiaomi တို့အတွက် ခေါက်နိုင်တဲ့ ရုပ်ထွက် ထုတ်လုပ်ပေးမယ့် Samsung







