Realme ဟာ Narzo 30 စီးရီးနဲ့အတူ ကြိုးမဲ့နားကြပ်သစ် 1 ခုကိုလည်း ကြေညာလာပါတယ်။

Realme Buds Air 2 ဖြစ်ပါတယ်။ 2019 ခုနှစ်၊ ဒီဇင်ဘာလထွက် Realme Buds Air ရဲ့ခြေရာကို ဆက်ခံတဲ့ ကြိုးမဲ့နားကြပ်သစ် ဖြစ်ပါတယ်။

Realme Buds Air 2 က Buds Air Pro ဒီဇိုင်းမျိုး သုံးထားပါတယ်။ R2 Chip နှင့် ပါဝါထောက်ပံ့ထားပြီး ဘက်ထရီသက်တမ်းကို ယခင်ဗားရှင်းထက် 80 ရာခိုင်နှုန်း ပိုရှည်ကြာစေပါတယ်။ Latency ကလည်း 35 ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။

Buds Air 2 မှာ 10mm Drivers သုံးထားပြီး နားကြပ်တစ်ဖက်စီမှာ ကြည်လင်တဲ့အသံ၊ ကောင်းမွန်တဲ့ Bass အသံ၊ Frequency Response ကောင်းမွန်ဖို့အတွက် Diamond-Like Carbon(DLC) Coating သုံး Diaphragm ပါဝင်ပါတယ်။

Buds Air 2 မှာ Bass Boost+ Mode သစ် ပါဝင်လာပါတယ်။ ယင်းစနစ်ကို The Chainsmokers နှင့် ပူးပေါင်းလုပ်ဆောင်ထားတာပါ။

ဒါ့အပြင် Realme Link App မှာ Dynamic ၊ Bright ဆိုပြီး စနစ်သစ် 2 မျိုး ပါဝင်လာပါတယ်။ Bright က Audiobooks များကို နားထောင်ရာမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားတဲ့ စနစ်ပါ။

Active Noise Cancellation စနစ် ပါဝင်ပါတယ်။ ဒါပေမယ့် ပထမမျိုးဆက် Buds Air မှာ ပါဝင်တဲ့ စနစ်မျိုး မဟုတ်ပါဘူး။ 25dB အထိ ဆူညံသံကို လျှော့ချနိုင်ပါတယ်။

ဒါ့အပြင် ဖုန်းပြောဆိုရာမှာ ကြည်လင်တဲ့ အသံကြားနိုင်ဖို့အတွက် Environment Noise Cancellation (ENC) စနစ်လည်း ပါဝင်ပါတယ်။

Buds Air 2 မှာ Touch Controls ၊ Smart Wave Detection ၊ Bluetooth 5.2 တို့ ပါဝင်ပါတယ်။ ဂိမ်းကစားသူများအတွက် Game Mode ပါဝင်ပြီး 88 ms Latency အထိ လျှော့ချပေးနိုင်ပါတယ်။

ဘက်ထရီပမာဏကို မပြောပြထားပေမယ့် 5 နာရီအထိ သီချင်းနားထောင်နိုင်မယ့် ဘက်ထရီ ပါဝင်တယ်လို့ ဆိုထားပါတယ်။

Charging Case ပါ ဘက်ထရီကိုပါ သုံးမယ်ဆိုရင် ANC ဖွင့်ထားရင် 22.5 နာရီနှင့် ANC ပိတ်ထားရင် 25 နာရီအထိ သုံးနိုင်ပါမယ်။

ဘက်ထရီပမာဏ မြင့်မားစွာ ထည့်သွင်းလာပေမယ့် ကြိုးမဲ့အားသွင်းမှုစနစ် မပါဝင်တော့ပါဘူး။

ဒါပေမယ့် Fast Charging ထောက်ပံ့လာပြီး 10 မိနစ် အားသွင်းရုံဖြင့် 2 နာရီကြာ သီချင်းနားထောင်နိုင်ပါမယ်။ အားအပြည့်သွင်းဖို့ 2 နာရီ အချိန်ယူရပါမယ်။

Realme Buds Air 2 ကို Closer Black ၊ Closer White အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း 45 ဒေါ်လာ သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Active Noise Cancellation ၊ ပိုေကာင္းတဲ့ ဘက္ထရီ ပါဝင္တဲ့ Realme Buds Air 2 TWS ႀကိဳးမဲ့နားၾကပ္

Realme ဟာ Narzo 30 စီးရီးနဲ႔အတူ ႀကိဳးမဲ့နားၾကပ္သစ္ 1 ခုကိုလည္း ေၾကညာလာပါတယ္။

Realme Buds Air 2 ျဖစ္ပါတယ္။ 2019 ခုႏွစ္၊ ဒီဇင္ဘာလထြက္ Realme Buds Air ရဲ႕ေျခရာကို ဆက္ခံတဲ့ ႀကိဳးမဲ့နားၾကပ္သစ္ ျဖစ္ပါတယ္။

Realme Buds Air 2 က Buds Air Pro ဒီဇိုင္းမ်ိဳး သုံးထားပါတယ္။ R2 Chip ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး ဘက္ထရီသက္တမ္းကို ယခင္ဗားရွင္းထက္ 80 ရာခိုင္ႏႈန္း ပိုရွည္ၾကာေစပါတယ္။ Latency ကလည္း 35 ရာခိုင္ႏႈန္း ပိုေကာင္းလာပါတယ္။

Buds Air 2 မွာ 10mm Drivers သုံးထားၿပီး နားၾကပ္တစ္ဖက္စီမွာ ၾကည္လင္တဲ့အသံ၊ ေကာင္းမြန္တဲ့ Bass အသံ၊ Frequency Response ေကာင္းမြန္ဖို႔အတြက္ Diamond-Like Carbon(DLC) Coating သုံး Diaphragm ပါဝင္ပါတယ္။

Buds Air 2 မွာ Bass Boost+ Mode သစ္ ပါဝင္လာပါတယ္။ ယင္းစနစ္ကို The Chainsmokers ႏွင့္ ပူးေပါင္းလုပ္ေဆာင္ထားတာပါ။

ဒါ့အျပင္ Realme Link App မွာ Dynamic ၊ Bright ဆိုၿပီး စနစ္သစ္ 2 မ်ိဳး ပါဝင္လာပါတယ္။ Bright က Audiobooks မ်ားကို နားေထာင္ရာမွာ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ထားတဲ့ စနစ္ပါ။

Active Noise Cancellation စနစ္ ပါဝင္ပါတယ္။ ဒါေပမယ့္ ပထမမ်ိဳးဆက္ Buds Air မွာ ပါဝင္တဲ့ စနစ္မ်ိဳး မဟုတ္ပါဘူး။ 25dB အထိ ဆူညံသံကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

ဒါ့အျပင္ ဖုန္းေျပာဆိုရာမွာ ၾကည္လင္တဲ့ အသံၾကားႏိုင္ဖို႔အတြက္ Environment Noise Cancellation (ENC) စနစ္လည္း ပါဝင္ပါတယ္။

Buds Air 2 မွာ Touch Controls ၊ Smart Wave Detection ၊ Bluetooth 5.2 တို႔ ပါဝင္ပါတယ္။ ဂိမ္းကစားသူမ်ားအတြက္ Game Mode ပါဝင္ၿပီး 88 ms Latency အထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဘက္ထရီပမာဏကို မေျပာျပထားေပမယ့္ 5 နာရီအထိ သီခ်င္းနားေထာင္ႏိုင္မယ့္ ဘက္ထရီ ပါဝင္တယ္လို႔ ဆိုထားပါတယ္။

Charging Case ပါ ဘက္ထရီကိုပါ သုံးမယ္ဆိုရင္ ANC ဖြင့္ထားရင္ 22.5 နာရီႏွင့္ ANC ပိတ္ထားရင္ 25 နာရီအထိ သုံးႏိုင္ပါမယ္။

ဘက္ထရီပမာဏ ျမင့္မားစြာ ထည့္သြင္းလာေပမယ့္ ႀကိဳးမဲ့အားသြင္းမႈစနစ္ မပါဝင္ေတာ့ပါဘူး။

ဒါေပမယ့္ Fast Charging ေထာက္ပံ့လာၿပီး 10 မိနစ္ အားသြင္း႐ုံျဖင့္ 2 နာရီၾကာ သီခ်င္းနားေထာင္ႏိုင္ပါမယ္။ အားအျပည့္သြင္းဖို႔ 2 နာရီ အခ်ိန္ယူရပါမယ္။

Realme Buds Air 2 ကို Closer Black ၊ Closer White အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး ေဈးႏႈန္း 45 ေဒၚလာ သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)