Realme ဟာ Narzo 30 စီးရီးအဖြစ် ပထမဆုံး မော်ဒယ် 2 မျိုးတို့ကို ကြေညာလာပါတယ်။ Narzo 30 Pro နှင့် Narzo 30A တို့ကို ကြေညာလာတာ ဖြစ်ပါတယ်။ Narzo 30 Pro က Narzo စီးရီးထဲမှာ ပထမဆုံး 5G စမတ်ဖုန်းဖြစ်သလို 120Hz Refresh Rate ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Pro မော်ဒယ်က ဂိမ်းပိုင်း၊ ကင်မရာပိုင်း၊ ကွန်ရက်ပိုင်းကို အဓိကထားလုပ်ဆောင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ A မော်ဒယ်ကတော့ ဈေးနှုန်းသက်သာပြီး ဘက်ထရီ 6000 mAh အထိပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Realme Narzo 30 Pro

Narzo 30 Pro က အလယ်အလတ်တန်းစမတ်ဖုန်းတွေထဲမှာဂိမ်းစွမ်းဆောင်ရည်ပိုင်းအကောင်းဆုံး 5G စမတ်ဖုန်းလို့ Realme က ကြွေးကြော်ထားပါတယ်။ ဒီဖုန်းကိုDimensity 800U နှင့်ပါဝါထောက်ပံ့ထားပါတယ်။

မျက်နှာပြင် 6.5 လက်မ 1080p+ 120Hz Refresh Rate ရုပ်ထွက် သုံးထားပါတယ်။ Content အပေါ် မူတည်ပြီး 60Hz နှင့် 120Hz ကို အလိုအလျှောက် ပြောင်းလဲပေးသွားပါမယ်။ 180Hz Touch Sampling Rate လည်း ပါဝင်ပါတယ်။ LCD Panel က အလင်းပေးမှု 600 nits အထိ ရှိပါတယ်။

ဒီဖုန်းရဲ့ အဓိကကင်မရာက 48MP f/1.8 ဖြစ်ပါတယ်။ Super Nightmode ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K@60fps ဖြင့်လည်းကောင်း၊ 1080p@60fps ဖြင့်လည်းကောင်း ရိုက်ကူးနိုင်ပါမယ်။ 21:9 Aspect Ratio( Cinima Mode) ပါဝင်သလို Digital Image Stabilization လည်း ပါဝင်ပါတယ်။

ဒုတိယကင်မရာက 119 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP Ultrawide ဖြစ်ပြီး UIS Max Video Stabilization Mode ပါဝင်ပါတယ်။ 2MP Macro လည်း ပါဝင်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး Super Nightmode ပါဝင်ပါတယ်။

RAM8GB/64GB (UFS 2.1) အပြင် RAM8GB/128GB နှင့်လည်း ရွေးချယ်နိုင်ပါတယ်။ microSD ကနေ ထပ်တိုးနိုင်ပါမယ်။

ဘက်ထရီ 5000 mAh ပါဝင်ပြီး 30W ဖြင့် အားသွင်းနိုင်ကာ 65 မိနစ်ဖြင့် အားအပြည့်သွင်းနိုင်ပါမယ်။ ဖုန်းပြောဆိုမှုကို 37 နာရီ၊ YouTube ဗီဒီယိုကြည့်မှုကို 18 နာရီ သုံးနိုင်ပါတယ်။ USB Power Delivery (15W) လည်း ထောက်ပံ့ထားပါတယ်။

ဗူးအတွင်းမှာ Charger ၊ အားသွင်းကြိုး၊ Screen Protector ၊ Protective Case တို့ကို တပါတည်း ထည့်သွင်းပေးထားပါတယ်။ နားကြပ်ပေါက် ပါဝင်သလို Dolby Atmos နှင့် Hi-Res Audio တို့ ထောက်ပံ့ထားပါတယ်။

Android 10 အခြေပြု Realme UI 2.0 သုံးထားကာ မကြာမီ ကာလအတွင်းမှာ Android 11 အခြေပြု Realme UI 2.0 Update ရရှိမယ်လို့ ဆိုထားပါတယ်။

ဒီဖုန်းကို Blade Silver ၊ Sword Black အရောင်တို့နှင့် ရွေးချယ်နိုင်ကာ ဈေးနှုန်း ဒေါ်လာ 235 ၊ ဒေါ်လာ 275 အသီးသီး သတ်မှတ်ထားပြီး မတ်လ 4 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

Realme Narzo 30A

Narzo 30A က တန်ဖိုးသင့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဘက်ထရီများစွာ ထည့်သွင်းပေးထားကာ Pro ထက် ဘက်ထရီ ပိုများပါတယ်။ ဒီဖုန်းမှာ ဘက်ထရီ 6000 mAh အထိ ပါဝင်ပါတယ်။

တစ်ကြိမ် အားအပြည့်သွင်းထားရင် YouTube ကြည့်မှုကို 27 နာရီအထိလည်းကောင်း၊ ဂိမ်းကစားမှုကို 10 နာရီအထိလည်းကောင်း၊ WhatsApp သုံးမှုကို 28 နာရီအထိလည်းကောင်း ပြုလုပ်နိုင်ပါမယ်။ 18W အားသွင်းမှု ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ဒီဖုန်းကို Power Bank အဖြစ် အခြားဖုန်းများကို အားသွင်းနိုင်ပါသေးတယ်။

ဒီဖုန်းမှာ မျက်နှာပြင် 6.5 လက်မ 720p+ ရုပ်ထွက်နှင့် 60Hz Refresh Rate သုံးထားပါတယ်။ အလင်းပေးမှု 570 nits အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ဒီဖုန်းကို MediaTek Helio G85 ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Storage 32GB ပါဝင်ကာ microSD မှ ထပ်တိုးနိုင်ပါမယ်။ RAM4GB/64GB ဗားရှင်းကိုလည်း ရွေးချယ်နိုင်ပါမယ်။

ကျောဘက်ကင်မရာများမှ အဓိက ကင်မရာက 13MP ဖြစ်ကာ 1080p@30fps ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ပါမယ်။ အဖြူ/အမည်း Depth Sensor ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။

RealmeNarzo 30A ကို Laser Black ၊ Laser Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 125 ၊ ဒေါ်လာ 140 အသီးသီး သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို မတ်လ 5 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

5G ႏွင့္ 120Hz ပါဝင္တဲ့ Narzo 30 Pro ႏွင့္ Narzo 30A တို႔ကို Realme ေၾကညာ

Realme ဟာ Narzo 30 စီးရီးအျဖစ္ ပထမဆုံး ေမာ္ဒယ္ 2 မ်ိဳးတို႔ကို ေၾကညာလာပါတယ္။ Narzo 30 Pro ႏွင့္ Narzo 30A တို႔ကို ေၾကညာလာတာ ျဖစ္ပါတယ္။ Narzo 30 Pro က Narzo စီးရီးထဲမွာ ပထမဆုံး 5G စမတ္ဖုန္းျဖစ္သလို 120Hz Refresh Rate ပါဝင္တဲ့ ပထမဆုံး စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

Pro ေမာ္ဒယ္က ဂိမ္းပိုင္း၊ ကင္မရာပိုင္း၊ ကြန္ရက္ပိုင္းကို အဓိကထားလုပ္ေဆာင္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ A ေမာ္ဒယ္ကေတာ့ ေဈးႏႈန္းသက္သာၿပီး ဘက္ထရီ 6000 mAh အထိပါဝင္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

Realme Narzo 30 Pro

Narzo 30 Pro က အလယ္အလတ္တန္းစမတ္ဖုန္းေတြထဲမွာဂိမ္းစြမ္းေဆာင္ရည္ပိုင္းအေကာင္းဆုံး 5G စမတ္ဖုန္းလို႔ Realme က ေႂကြးေၾကာ္ထားပါတယ္။ ဒီဖုန္းကိုDimensity 800U ႏွင့္ပါဝါေထာက္ပံ့ထားပါတယ္။

မ်က္ႏွာျပင္ 6.5 လက္မ 1080p+ 120Hz Refresh Rate ႐ုပ္ထြက္ သုံးထားပါတယ္။ Content အေပၚ မူတည္ၿပီး 60Hz ႏွင့္ 120Hz ကို အလိုအေလွ်ာက္ ေျပာင္းလဲေပးသြားပါမယ္။ 180Hz Touch Sampling Rate လည္း ပါဝင္ပါတယ္။ LCD Panel က အလင္းေပးမႈ 600 nits အထိ ရွိပါတယ္။

ဒီဖုန္းရဲ႕ အဓိကကင္မရာက 48MP f/1.8 ျဖစ္ပါတယ္။ Super Nightmode ပါဝင္ပါတယ္။ ဗီဒီယို႐ိုက္ကူးမႈကို 4K@60fps ျဖင့္လည္းေကာင္း၊ 1080p@60fps ျဖင့္လည္းေကာင္း ႐ိုက္ကူးႏိုင္ပါမယ္။ 21:9 Aspect Ratio( Cinima Mode) ပါဝင္သလို Digital Image Stabilization လည္း ပါဝင္ပါတယ္။

ဒုတိယကင္မရာက 119 ဒီဂရီျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္တဲ့ 8MP Ultrawide ျဖစ္ၿပီး UIS Max Video Stabilization Mode ပါဝင္ပါတယ္။ 2MP Macro လည္း ပါဝင္ပါတယ္။ ေရွ႕ကင္မရာက 16MP ျဖစ္ၿပီး Super Nightmode ပါဝင္ပါတယ္။

RAM8GB/64GB (UFS 2.1) အျပင္ RAM8GB/128GB ႏွင့္လည္း ေရြးခ်ယ္ႏိုင္ပါတယ္။ microSD ကေန ထပ္တိုးႏိုင္ပါမယ္။

ဘက္ထရီ 5000 mAh ပါဝင္ၿပီး 30W ျဖင့္ အားသြင္းႏိုင္ကာ 65 မိနစ္ျဖင့္ အားအျပည့္သြင္းႏိုင္ပါမယ္။ ဖုန္းေျပာဆိုမႈကို 37 နာရီ၊ YouTube ဗီဒီယိုၾကည့္မႈကို 18 နာရီ သုံးႏိုင္ပါတယ္။ USB Power Delivery (15W) လည္း ေထာက္ပံ့ထားပါတယ္။

ဗူးအတြင္းမွာ Charger ၊ အားသြင္းႀကိဳး၊ Screen Protector ၊ Protective Case တို႔ကို တပါတည္း ထည့္သြင္းေပးထားပါတယ္။ နားၾကပ္ေပါက္ ပါဝင္သလို Dolby Atmos ႏွင့္ Hi-Res Audio တို႔ ေထာက္ပံ့ထားပါတယ္။

Android 10 အေျချပဳ Realme UI 2.0 သုံးထားကာ မၾကာမီ ကာလအတြင္းမွာ Android 11 အေျချပဳ Realme UI 2.0 Update ရရွိမယ္လို႔ ဆိုထားပါတယ္။

ဒီဖုန္းကို Blade Silver ၊ Sword Black အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ကာ ေဈးႏႈန္း ေဒၚလာ 235 ၊ ေဒၚလာ 275 အသီးသီး သတ္မွတ္ထားၿပီး မတ္လ 4 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

Realme Narzo 30A

Narzo 30A က တန္ဖိုးသင့္ စမတ္ဖုန္း ျဖစ္ပါတယ္။ ဘက္ထရီမ်ားစြာ ထည့္သြင္းေပးထားကာ Pro ထက္ ဘက္ထရီ ပိုမ်ားပါတယ္။ ဒီဖုန္းမွာ ဘက္ထရီ 6000 mAh အထိ ပါဝင္ပါတယ္။

တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ YouTube ၾကည့္မႈကို 27 နာရီအထိလည္းေကာင္း၊ ဂိမ္းကစားမႈကို 10 နာရီအထိလည္းေကာင္း၊ WhatsApp သုံးမႈကို 28 နာရီအထိလည္းေကာင္း ျပဳလုပ္ႏိုင္ပါမယ္။ 18W အားသြင္းမႈ ေထာက္ပံ့ထားပါတယ္။ ဒါ့အျပင္ ဒီဖုန္းကို Power Bank အျဖစ္ အျခားဖုန္းမ်ားကို အားသြင္းႏိုင္ပါေသးတယ္။

ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.5 လက္မ 720p+ ႐ုပ္ထြက္ႏွင့္ 60Hz Refresh Rate သုံးထားပါတယ္။ အလင္းေပးမႈ 570 nits အထိ ျပဳလုပ္ေပးႏိုင္ပါတယ္။

ဒီဖုန္းကို MediaTek Helio G85 ၊ RAM3GB ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ Storage 32GB ပါဝင္ကာ microSD မွ ထပ္တိုးႏိုင္ပါမယ္။ RAM4GB/64GB ဗားရွင္းကိုလည္း ေရြးခ်ယ္ႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာမ်ားမွ အဓိက ကင္မရာက 13MP ျဖစ္ကာ 1080p@30fps ျဖင့္ ဗီဒီယို႐ိုက္ကူးႏိုင္ပါမယ္။ အျဖဴ/အမည္း Depth Sensor ပါဝင္ပါတယ္။ လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ေရွ႕ကင္မရာက 8MP ျဖစ္ပါတယ္။

RealmeNarzo 30A ကို Laser Black ၊ Laser Blue အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 125 ၊ ေဒၚလာ 140 အသီးသီး သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို မတ္လ 5 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)