Samsung ဟာ လုံခြုံရေးပိုင်းကို အားပြုလုပ်ဆောင်ပေးတဲ့အနေဖြင့် စမတ်ဖုန်းများကို လုံခြုံရေး Update တိုးမြှင့်ပေးလျက် ရှိနေပါတယ်။

Samsung ဟာ 2019 ခုနှစ်မှ စတင်ပြီး ထွက်ခဲ့တဲ့ Z ၊ S ၊ Note ၊ A ၊ M ၊ XCover ၊ Tab စီးရီးများကို လုံခြုံရေး Update 4 နှစ်အထိ ပေးလာပါတယ်။ ပြောရမယ်ဆိုရင် Samsung ဟာ မော်ဒယ်ပေါင်း 130 ကျော်တို့အား 4 နှစ်အထိ လုံခြုံရေး Update ပေးသွားမှာ ဖြစ်ပါတယ်။

Samsung ဟာ အဆင့်မြင့် စမတ်ဖုန်းများကို Android OS Update 3 ကြိမ်အထိ တိုးမြှင့်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။

4 နှစ်အထိ လုံခြုံရေး Update ရရှိလာမယ့် စမတ်ဖုန်းများကတော့ Galaxy Fold 5G ၊ Z Fold2 ၊ Z Fold2 5G ၊ Z Flip ၊ Z Flip 5G ၊ Galaxy S10 ၊ S10+ ၊ S10e ၊ S10 5G ၊ S10 Lite ၊ S20 ၊ S20 5G ၊ S20+ ၊ S20+ 5G ၊ S20 Ultra ၊ S20 Ultra 5G ၊ S20 FE ၊S20 FE 5G ၊ S21 5G ၊ S21+ 5G ၊ S21 Ultra 5G ၊ Galaxy Note10 ၊ Note10 5G ၊ Note10+ 5G ၊ Note10+ ၊ Note10 Lite ၊ Note20 ၊ Note20+ 5G ၊ Note20 Ultra ၊ Note20 UItra 5G ၊ Galaxy A10 ၊ A10e ၊ A10s ၊ A20 ၊ A20s ၊ A30 ၊ A30s ၊ A40 ၊ A50 ၊ A50s ၊ A60 ၊ A70 ၊ A70s ၊ A80 ၊ A90 5G ၊ A11 ၊ A21 ၊ A21s ၊ A31 ၊ A41 ၊ A51 ၊ A51 5G ၊ A71 ၊ A71 5G ၊ A02s ၊ A12 ၊ A32 5G ၊ A42 5G ၊ Galaxy M10s ၊ M20 ၊ M30 ၊ M 30s ၊ M40 ၊ M11 ၊ M21 ၊ M31 ၊ M31s ၊ M51 ၊ Galaxy XCover4s ၊XCoverField Pro ၊XCover Pro ၊ Galaxy Tab Active Pro ၊ Tab Active3 ၊ Tab A8 (2019) ၊ Tab A (S Pen) ၊ Tab A 8.4 (2020) ၊ Tab A7 ၊ Tab S5e ၊ Tab S6 5G ၊ Tab S6 Lite ၊ Tab S7 ၊ Tab S7+ တို့ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

2019 ခုနှစ်နှင့် နောက်ပိုင်းထွက် စမတ်ဖုန်းများကို Update 4 နှစ်အထိ




