Vivo S9 က MediaTek Dimensity 1100 Chipset အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါမယ်။ အစောပိုင်းတုန်းက Vivo S9 ကို မတ်လ 6 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ယနေ့မှာ Vivo ကိုယ်တိုင်က Vivo S9 ကို မတ်လ 3 ရက်နေ့မှာ မိတ်ဆက်လယ်လို့ ကြေညာလာပြီ ဖြစ်ပါတယ်။

Vivo S9 မှာ ကျောဘက်ကင်မရာ 3 လုံး ပါဝင်လာမှာဖြစ်ပြီး Android 11 အခြေပြု Origin OS သုံးလာပါမယ်။ TENNA မှာ ဖော်ပြထားမှုအရ ဘက်ထရီ 3905 mAh ပါဝင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဖုန်းမှာ ဘက်ထရီ 4000 mAh ပါဝင်ပါမယ်။

ထွက်ပေါ်ထားတဲ့ သတင်းများအရ Vivo S9 မှာ 6.44 လက်မ OLED FHD+ ရုပ်ထွက် ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။ Vivo ဟာ Vivo S9 အပြင် S9e ကိုလည်း ထုတ်လုပ်ရောင်းချလာမှာဖြစ်ပြီး ယင်းဖုန်းမှာလည်း ရုပ်ထွက်နှင့် အတူတူ ဖြစ်လာပါမယ်။ ဒါပေမယ့် Dimensity 820 သုံးလာမှာ ဖြစ်ပါတယ်။ USB Type C မှ တဆင့် 33W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Vivo S9 ကို မတ္လ 3 ရက္ေန႔တြင္ မိတ္ဆက္မည္

Vivo S9 က MediaTek Dimensity 1100 Chipset အသုံးျပဳထားတဲ့ ပထမဆုံး စမတ္ဖုန္း ျဖစ္လာပါမယ္။ အေစာပိုင္းတုန္းက Vivo S9 ကို မတ္လ 6 ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ယေန႔မွာ Vivo ကိုယ္တိုင္က Vivo S9 ကို မတ္လ 3 ရက္ေန႔မွာ မိတ္ဆက္လယ္လို႔ ေၾကညာလာၿပီ ျဖစ္ပါတယ္။

Vivo S9 မွာ ေက်ာဘက္ကင္မရာ 3 လုံး ပါဝင္လာမွာျဖစ္ၿပီး Android 11 အေျချပဳ Origin OS သုံးလာပါမယ္။ TENNA မွာ ေဖာ္ျပထားမႈအရ ဘက္ထရီ 3905 mAh ပါဝင္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီဖုန္းမွာ ဘက္ထရီ 4000 mAh ပါဝင္ပါမယ္။

ထြက္ေပၚထားတဲ့ သတင္းမ်ားအရ Vivo S9 မွာ 6.44 လက္မ OLED FHD+ ႐ုပ္ထြက္ ပါဝင္မွာျဖစ္ေၾကာင္း သိရပါတယ္။ Vivo ဟာ Vivo S9 အျပင္ S9e ကိုလည္း ထုတ္လုပ္ေရာင္းခ်လာမွာျဖစ္ၿပီး ယင္းဖုန္းမွာလည္း ႐ုပ္ထြက္ႏွင့္ အတူတူ ျဖစ္လာပါမယ္။ ဒါေပမယ့္ Dimensity 820 သုံးလာမွာ ျဖစ္ပါတယ္။ USB Type C မွ တဆင့္ 33W ျဖင့္ အားသြင္းႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)