Xiaomi ဟာ လာမယ့် ဖေဖော်ဝါရီလ 25 ရက်နေ့မှာ Redmi K40 စီးရီးကို မိတ်ဆက်သွားပါမယ်။ Xiaomi က Redmi K40 မှာ AI Triple Camera ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

ယနေ့မှာ Xiaomi က Redmi K40 မှာ Samsung ရဲ့ E4 OLED Panels သုံးလာမှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

Samsung ရဲ့ ရုပ်ထွက်သစ်က အလင်းပေးမှုအပိုင်း အလွန်မြင့်မားသလို အရောင်ပေးမှုအပိုင်းလည်း အလွန်တိကျ လာပါတယ်။ ဒါ့အပြင် ပါဝါသုံးစွဲမှုကလည်း နည်းပါးပါတယ်။

Xiaomi ဟာ Samsung E4 OLED ရုပ်ထွက်ကို Xiaomi Mi 11 မှာ အသုံးပြုထားပြီး ဖြစ်ပါတယ်။

Xiaomi Mi 11 ကို Display Mate က အကောင်းဆုံး ရုပ်ထွက်အဖြစ် သတ်မှတ်ထားပါတယ်။ ယင်းရုပ်ထွက်ကို Meizu 18 ၊ Vivo X60 နှင့် X60 Pro တို့မှာ သုံးလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

ဒါ့အပြင် Xiaomi က Redmi K40 မှာ 120Hz Refresh Rate သုံးလာမယ်လို့လည်း အတည်ပြုထားပါတယ်။

အစောပိုင်း သတင်းအရ Redmi K40 Pro ကို Snapdragon 888 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး K40 ကို Snapdragon 870 SoC သုံးလာပါမယ်။

ဘက်ထရီ 4500 mAh နှင့် Android 11 ပါဝင်ပါမယ်။ ဒီဖုန်းမှာ LPDDR5 RAM ၊ UFS 3.1 Storage ၊ Wi-Fi 6 ၊ 33W Fast Charging ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Redmi K40 တွင် 120Hz Samsung E4 OLED သုံးလာမည်








