Redmi ဟာ Redmi K40 စီးရီးအဖြစ် အနည်းဆုံး စမတ်ဖုန်း 2 မျိုး ထုတ်လုပ်ရောင်းချလာပါမယ်။ Redmi K40 နှင့် K40 Pro ဖြစ်ပါတယ်။ Redmi K40 စီးရီးကို လာမယ့် ဖေဖော်ဝါရီလ 25 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။ Redmi ဟာ Redmi K40 စီးရီးကို မိတ်မဆက်ရသေးပေမယ့်လည်း ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပါတယ်။

ယခုမိတ်ဆက်ဖို့ ရက်အနည်းငယ်အလိုမှာ Redmi ဟာ Redmi K40 စီးရီးမှာ အသုံးပြုလာမယ့် ကျောဘက်ဒီဇိုင်းကို အတည်ပြုလာပါတယ်။

ကျောဘက်မှာ ရေစက်ကဲ့သို့ အစင်းကြောင်း တွေ့ရပါတယ်။ ဒါက Redmi K40 Black Edition ရဲ့ ပထမဆုံး ဓာတ်ပုံဆိုရင်လည်း မမှားပါဘူး။

Redmi K40 စီးရီးရဲ့ ဖုန်း 2 မျိုးလုံးမှာ 6.67 လက်မ E4 Samsung AMOLED FHD+ ရုပ်ထွက်နှင့် 120Hz Refresh Rate သုံးလာပါမယ်။ ရှေ့ကင်မရာကို Punch-Hole မှာ ထည့်သွင်းလာပါမယ်။

Pro မော်ဒယ်ကို Snapdragon 888 SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး K40 ကိုတော့ Snapdragon 700 စီးရီး (သို့မဟုတ်) Snapdragon 870 SoC သုံးလာဖို့ ရှိပါတယ်။ 8GB LPDDR5 RAM ၊ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ဖို့ ရှိပါတယ်။

ဖုန်း 2 မျိုးမှာ 5G ထောက်ပံ့လာမှာဖြစ်ပြီး Wi-Fi 6 ၊ Bluetooth 5.2 ၊ စတီရီယို စပီကာ 2 လုံးတို့ ပါဝင်ပါမယ်။ K40 မှာ အဓိက ကင်မရာ 64MP နှင့် Pro မှာ အဓိက ကင်မရာ 108MP ပါဝင်ပါမယ်။

ဒါ့အပြင် Redmi က Redmi K40 စီးရီးမှာ ဘက်ထရီ 4520 mAh ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Redmi K40 စီးရီးရဲ႕ ေက်ာဘက္ဒီဇိုင္းကို Redmi အတည္ျပဳလာ

Redmi ဟာ Redmi K40 စီးရီးအျဖစ္ အနည္းဆုံး စမတ္ဖုန္း 2 မ်ိဳး ထုတ္လုပ္ေရာင္းခ်လာပါမယ္။ Redmi K40 ႏွင့္ K40 Pro ျဖစ္ပါတယ္။ Redmi K40 စီးရီးကို လာမယ့္ ေဖေဖာ္ဝါရီလ 25 ရက္ေန႔မွာ မိတ္ဆက္သြားပါမယ္။ Redmi ဟာ Redmi K40 စီးရီးကို မိတ္မဆက္ရေသးေပမယ့္လည္း ႀကိဳတင္အမွာ လက္ခံေနၿပီ ျဖစ္ပါတယ္။

ယခုမိတ္ဆက္ဖို႔ ရက္အနည္းငယ္အလိုမွာ Redmi ဟာ Redmi K40 စီးရီးမွာ အသုံးျပဳလာမယ့္ ေက်ာဘက္ဒီဇိုင္းကို အတည္ျပဳလာပါတယ္။

ေက်ာဘက္မွာ ေရစက္ကဲ့သို႔ အစင္းေၾကာင္း ေတြ႕ရပါတယ္။ ဒါက Redmi K40 Black Edition ရဲ႕ ပထမဆုံး ဓာတ္ပုံဆိုရင္လည္း မမွားပါဘူး။

Redmi K40 စီးရီးရဲ႕ ဖုန္း 2 မ်ိဳးလုံးမွာ 6.67 လက္မ E4 Samsung AMOLED FHD+ ႐ုပ္ထြက္ႏွင့္ 120Hz Refresh Rate သုံးလာပါမယ္။ ေရွ႕ကင္မရာကို Punch-Hole မွာ ထည့္သြင္းလာပါမယ္။

Pro ေမာ္ဒယ္ကို Snapdragon 888 SoC ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး K40 ကိုေတာ့ Snapdragon 700 စီးရီး (သို႔မဟုတ္) Snapdragon 870 SoC သုံးလာဖို႔ ရွိပါတယ္။ 8GB LPDDR5 RAM ၊ 256GB UFS 3.1 Storage အထိ ေရြးခ်ယ္ႏိုင္ဖို႔ ရွိပါတယ္။

ဖုန္း 2 မ်ိဳးမွာ 5G ေထာက္ပံ့လာမွာျဖစ္ၿပီး Wi-Fi 6 ၊ Bluetooth 5.2 ၊ စတီရီယို စပီကာ 2 လုံးတို႔ ပါဝင္ပါမယ္။ K40 မွာ အဓိက ကင္မရာ 64MP ႏွင့္ Pro မွာ အဓိက ကင္မရာ 108MP ပါဝင္ပါမယ္။

ဒါ့အျပင္ Redmi က Redmi K40 စီးရီးမွာ ဘက္ထရီ 4520 mAh ပါဝင္လာမယ္လို႔ အတည္ျပဳထားၿပီး ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)