Realme ဟာ လာမယ့် ဖေဖော်ဝါရီလ 24 ရက်နေ့တွင် Buds Air TWS ၊ Narzo 30A ၊ Narzo 30 Pro တို့ကို မိတ်ဆက်သွားပါမယ်။ ကုမ္ပဏီက Narzo 30 Pro မှာ Dimensity 800U SoC သုံးလာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ Narzo 30A မှာ ဘယ် Chipset သုံးလာမယ်ဆိုတာ မသိရသေးပါဘူး။

ယနေ့မှာ Narzo 30A တွင် သုံးလာမယ့် Chipset ကို Geekbench မှာ ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို Helio G85 နှင့် ပါဝါထောက်ပံ့လာပါမယ်။ ယင်းတွင် ဖော်ပြမှုအရ Android 10 နှင့် RAM4GB လည်း ပါဝင်မယ်လို့ သိရပါတယ်။

Realme Narzo 30 Pro မှာ 6.5 လက်မ FullHD+ 120Hz ရုပ်ထွက် သုံးလာမှာဖြစ်ပြီး 180Hz Sampling Rate သုံးလာပါမယ်။

Realme Narzo 30 နှင့် Narzo 30 Pro မှာ Punch-Hole ရုပ်ထွက်၊ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းလာပါမယ်။ ကျောဘက်ကင်မရာ 3 လုံးကို စတုရန်းကွက်မှာ ထည့်သွင်းလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Realme Narzo 30A တွင် ပါဝင်လာမယ့် အရေးပါတဲ့ စနစ်များကို သိရပြီ




