Realme ဟာ လာမယ့် မတ်လ 4 ရက်နေ့မှာ GT ကို ကြေညာသွားပါမယ်။ ယနေ့မှာ Realme ဟာ Realme GT ရဲ့ ဒီဇိုင်းဓာတ်ပုံကို တရားဝင် အသိပေးလာပြီ ဖြစ်ပါတယ်။ Realme GT ရဲ့ အပြာရောင် ဗားရှင်းကို တရားဝင် ပြသလာတာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက သိခဲ့တဲ့ သတင်းအရ Realme GT ကို အဝါရောင်သားရေ ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 3 လုံး ပါဝင်မှာဖြစ်ပြီး အဓိက ကင်မရာက 64MP ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ အဆင့်မြင့် စမတ်ဖုန်း အများစုတို့မှာ နားကြပ်ပေါက် မပါဝင်ပေမယ့် Realme GT မှာတော့ ပါဝင်နေတုန်း ဖြစ်ပါတယ်။

Realme GT ရဲ့ မျက်နှာပြင်ကို ပြသထားခြင်း မရှိပေမယ့်လည်း OLED ရုပ်ထွက် သုံးလာမယ်လို့ ယူဆရပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ မတွေ့ရတာကြောင့် Under-Display Fingerprint Scanner သုံးလာဖို့ ရှိပါတယ်။ မဟုတ်ရင်လည်း ပါဝါခလုတ်မှာ ထည့်သွင်းလာဖို့ ရှိပါတယ်။ USB Type C မှ တဆင့် 65W ဖြင့် အားသွင်းနိုင်ပါမယ်။

Realme GT ကို Snapdragon 888 SoC ၊ RAM12GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 256GB ပါဝင်ပါမယ်။ LPDDR5 RAM နှင့် UFS 3.1 Storage သုံးလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Realme GT ရဲ႕ ဒီဇိုင္းကို ပထမဆုံး အႀကိမ္အျဖစ္ Realme အတည္ျပဳလာ

Realme ဟာ လာမယ့္ မတ္လ 4 ရက္ေန႔မွာ GT ကို ေၾကညာသြားပါမယ္။ ယေန႔မွာ Realme ဟာ Realme GT ရဲ႕ ဒီဇိုင္းဓာတ္ပုံကို တရားဝင္ အသိေပးလာၿပီ ျဖစ္ပါတယ္။ Realme GT ရဲ႕ အျပာေရာင္ ဗားရွင္းကို တရားဝင္ ျပသလာတာလည္း ျဖစ္ပါတယ္။

အေစာပိုင္းတုန္းက သိခဲ့တဲ့ သတင္းအရ Realme GT ကို အဝါေရာင္သားေရ ဗားရွင္းႏွင့္လည္း ေရြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာ 3 လုံး ပါဝင္မွာျဖစ္ၿပီး အဓိက ကင္မရာက 64MP ျဖစ္ပါတယ္။ စိတ္ဝင္စားဖို႔ ေကာင္းတာကေတာ့ အဆင့္ျမင့္ စမတ္ဖုန္း အမ်ားစုတို႔မွာ နားၾကပ္ေပါက္ မပါဝင္ေပမယ့္ Realme GT မွာေတာ့ ပါဝင္ေနတုန္း ျဖစ္ပါတယ္။

Realme GT ရဲ႕ မ်က္ႏွာျပင္ကို ျပသထားျခင္း မရွိေပမယ့္လည္း OLED ႐ုပ္ထြက္ သုံးလာမယ္လို႔ ယူဆရပါတယ္။ လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ မေတြ႕ရတာေၾကာင့္ Under-Display Fingerprint Scanner သုံးလာဖို႔ ရွိပါတယ္။ မဟုတ္ရင္လည္း ပါဝါခလုတ္မွာ ထည့္သြင္းလာဖို႔ ရွိပါတယ္။ USB Type C မွ တဆင့္ 65W ျဖင့္ အားသြင္းႏိုင္ပါမယ္။

Realme GT ကို Snapdragon 888 SoC ၊ RAM12GB ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Storage 256GB ပါဝင္ပါမယ္။ LPDDR5 RAM ႏွင့္ UFS 3.1 Storage သုံးလာပါမယ္။