MWC Shanghai ကို မနက်ဖြန် အင်္ဂါနေ့မှာ ကျင်းပပါမယ်။ ဒါပေမယ့် MWC Shanghai ကို မကျင်းပသေးပေမယ့် ယင်းမှာ ပြသလာမယ့် Realme GT ရဲ့ ပိုစတာကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ပေါက်ကြားလာပါတယ်။ Realme GT Bulbelbee Edition ပိုစတာကို ပြသထားတာ ဖြစ်ပါတယ်။

Realme GT မှာ ကျောဘက်ကင်မရာ 3 လုံး ပါဝင်ပြီး အဓိက ကင်မရာက 64MP ဖြစ်ကာ Ultrawide ကင်မရာလည်း ပါဝင်ပါတယ်။ Quad-LED Flash ဖြင့် ထောက်ပံ့ထားတာ တွေ့ရပါတယ်။ ကျောဘက်မှာ အဝါရောင်သားရေ သုံးထားပါတယ်။

အစောပိုင်းတုန်းက Realme က အတည်ပြုမှုအရ 12GB LPDDR5 RAM ၊ 256GB UFS 3.1 Storage ၊ 120Hz Refresh Rate OLED ၊ Under-Display Fingerprint Scanner ၊ 65W Charging တို့ ပါဝင်ပါမယ်။

Realme GT ကို လာမယ့် မတ်လ 4 ရက်နေ့မှာ မိတ်ဆက်သွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Realme GT ရဲ့ ကျောဘက်ဒီဇိုင်းကို အတည်ပြုလာ




