တရုတ်စမတ်ဖုန်းကုမ္ပဏီ nubia ဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက Red Magic 6 နဲ့ပတ်သက်ပြီး အမြည်းပို့စ်များ တင်လာခဲ့ပါတယ်။ ယနေ့မှာ nubia ရဲ့ ဒုက္ကဌနီဖေးက Red Magic 6 ကို မတ်လ 4 ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။ Red Magic 6 ကို Realme GT 5G ကို မိတ်ဆက်မယ့်နေ့မှာဘဲ ကြေညာသွားမှာ ဖြစ်ပါတယ်။

Nubia ရဲ့ ဒုဥက္ကဌက Red Magic 6 မှာ အလွန်လျှင်မြန်တဲ့ နည်းစနစ် 4 ခု ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ HRR Screen ၊ Fast Charging ၊ Touch Response ၊ Cooling Fan တို့ ပါဝင်ပါမယ်။

Nubia က Red Magic 6 မှာ ဘက်ထရီ 4500 mAh ပါဝင်မှာဖြစ်ပြီး 120W Fast Charging ဖြင့် အားသွင်းနိုင်မယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်း သိရတာကတော့ Pro ဗားရှင်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပုံမှန် Red Magic 6 မှာတော့ 66W Fast Charging ဘဲ ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

nubia Red Magic 6 ကို မတ်လ 4 ရက်နေ့တွင် မိတ်ဆက်မည်



