Xiaomi ဟာ Redmi Note 10 စီးရီးရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ Redmi Note 10 စီးရီးကို မတ်လ 4 ရက်နေ့မှာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi က Redmi Note 10 မှာ Gorilla Glass မှန်၊ IP52 Rating ၊ Flat Display ၊ ထောင့်ကွေးကျောဘက် သုံးလာမှာဖြစ်ပြီး လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းလာပါမယ်။

Redmi Note 10 မှာ 120Hz LCD နှင့် Snapdragon 735G သုံးလာမှာဖြစ်ပြီး Pro မှာ OLED ရုပ်ထွက်၊ High-Res Audio ၊ 108MP အဓိက ကင်မရာ၊ Fast Charging နှင့် Snapdragon 750G အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi ဟာ Redmi Note 10 Pro Max ကိုလည်း ကြေညာလာမှာဖြစ်ကြောင်း သိရပါတယ်။ ဒီဖုန်းကို 8GB/128GB ၊ 6GB/128GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်ပါမယ်။ အနက်ရောင်၊ အပြာရောင်၊ ကြေးရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။ ဒီဖုန်းမှာ ကျန် 2 မျိုးထက် ပိုကောင်းတဲ့စနစ် ပါဝင်လာဖို့ ရှိနေပါတယ်။ ဘက်ထရီ 5050 mAh ပါဝင်မယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Note 10 ၊ Note 10 Pro အပြင် Redmi Note 10 Pro Max ကိုလည်း ကြေညာလာမည်




