အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းအရ iQOO Neo5 မှာ 88W Fast Charging ပါဝင်မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Vivo ရဲ့ ဂိမ်းစမတ်ဖုန်းမှာ 66W Wireless Charging လည်း ထောက်ပံ့လာမယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဈေးနှုန်း ဒေါ်လာ 464 မှ ဒေါ်လာ 572 အတွင်း ရောင်းချလာမှာဖြစ်လို့ ကျေနပ်စရာကောင်းတဲ့ အားသွင်းမှုအပိုင်း ပါဝင်မယ်ဆိုပြီး ပရိသတ်တိုင်း ပျော်နေခဲ့ကြတာပါ။

ဒါပေမယ့် ကံဆိုးစွာဘဲ 3C မှာ ထောက်ခံချက် ရယူလာမှုအရ iQOO Neo5 မှာ 66W Charger ဘဲ ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။ Charger ရဲ့ မော်ဒယ်နံပါတ်က V6650L0A0 ဖြစ်ပါတယ်။ Wireless Charging ပါဝင်လာမလားဆိုတာ မဖော်ပြထားပါဘူး။

iQOO Neo5 မှာ 66W Charging ဘဲ ထောက်ပံ့လာမယ်ဆိုပေမယ့်လည်း ဘက်ထရီ 4400 mAh ဘဲ ပါဝင်လာမှာဖြစ်လို့ 30 မိနစ်ဖြင့် အားအပြည့်သွင်းနိုင်ပါမယ်။

iQOO Neo5 ကို Snapdragon 870 SoC ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး Storage 128GB ဘဲ ပါဝင်ပါမယ်။ RAM12GB/256GBဗားရှင်းနှင့်လည်း ရွေးချယ်နိုင်ပါမယ်။

ဒီဖုန်းမှာ Waterdrop Notch သုံးလာမှာဖြစ်ပြီး AMOLED 2400x1080p Resolution ရုပ်ထွက် သုံးလာပါမယ်။ 120Hz Refresh Rate သုံးလာပါမယ်။

ကျောဘက်ကင်မရာ 3 လုံးပါဝင်ကာ 48MP Sony IMX598 + 13MP Ultrawide + 2MP ဖြစ်ပါတယ်။ Android 11 အခြေပြု OriginOS သုံးလာပါမယ်။

ပေါက်ကြားထားတဲ့ သတင်းအရ 8/128GB ကို ဒေါ်လာ 460 ၊ 8/256GB ကို ဒေါ်လာ 510 နှင့် 12/256GB ကို ဒေါ်လာ 550 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

iQOO Neo5 တြင္ 66W Fast Charging ပါဝင္မည္

အေစာပိုင္းတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းအရ iQOO Neo5 မွာ 88W Fast Charging ပါဝင္မယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ Vivo ရဲ႕ ဂိမ္းစမတ္ဖုန္းမွာ 66W Wireless Charging လည္း ေထာက္ပံ့လာမယ္လို႔ သိရပါတယ္။ ဒီဖုန္းကို ေဈးႏႈန္း ေဒၚလာ 464 မွ ေဒၚလာ 572 အတြင္း ေရာင္းခ်လာမွာျဖစ္လို႔ ေက်နပ္စရာေကာင္းတဲ့ အားသြင္းမႈအပိုင္း ပါဝင္မယ္ဆိုၿပီး ပရိသတ္တိုင္း ေပ်ာ္ေနခဲ့ၾကတာပါ။

ဒါေပမယ့္ ကံဆိုးစြာဘဲ 3C မွာ ေထာက္ခံခ်က္ ရယူလာမႈအရ iQOO Neo5 မွာ 66W Charger ဘဲ ပါဝင္လာမွာျဖစ္ေၾကာင္း သိရပါတယ္။ Charger ရဲ႕ ေမာ္ဒယ္နံပါတ္က V6650L0A0 ျဖစ္ပါတယ္။ Wireless Charging ပါဝင္လာမလားဆိုတာ မေဖာ္ျပထားပါဘူး။

iQOO Neo5 မွာ 66W Charging ဘဲ ေထာက္ပံ့လာမယ္ဆိုေပမယ့္လည္း ဘက္ထရီ 4400 mAh ဘဲ ပါဝင္လာမွာျဖစ္လို႔ 30 မိနစ္ျဖင့္ အားအျပည့္သြင္းႏိုင္ပါမယ္။

iQOO Neo5 ကို Snapdragon 870 SoC ၊ RAM8GB ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး Storage 128GB ဘဲ ပါဝင္ပါမယ္။ RAM12GB/256GBဗားရွင္းႏွင့္လည္း ေရြးခ်ယ္ႏိုင္ပါမယ္။

ဒီဖုန္းမွာ Waterdrop Notch သုံးလာမွာျဖစ္ၿပီး AMOLED 2400x1080p Resolution ႐ုပ္ထြက္ သုံးလာပါမယ္။ 120Hz Refresh Rate သုံးလာပါမယ္။

ေက်ာဘက္ကင္မရာ 3 လုံးပါဝင္ကာ 48MP Sony IMX598 + 13MP Ultrawide + 2MP ျဖစ္ပါတယ္။ Android 11 အေျချပဳ OriginOS သုံးလာပါမယ္။

ေပါက္ၾကားထားတဲ့ သတင္းအရ 8/128GB ကို ေဒၚလာ 460 ၊ 8/256GB ကို ေဒၚလာ 510 ႏွင့္ 12/256GB ကို ေဒၚလာ 550 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)