မကြာသေးမီတုန်းက တရုတ်နည်းပညာကုမ္ပဏီ Xiaomi ဟာ ကားထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။ ယင်းစီမံကိန်းကို Xiaomi CEO လိုင်ဂျန် ဦးဆောင်လာမှာဖြစ်ကြောင်း သိရပါတယ်။ ယနေ့မှာ Xiaomi ဟာ အထက်ပါသတင်းကို ပြန်လည်ချေပလာပါတယ်။ ကုမ္ပဏီက လက်ရှိအချိန်တွင် မည်သည့် ထောက်ခံခွင့်ပြုချက်မှ မရှိသေးကြောင်း ဆိုသွားပါတယ်။

ဒါပေမယ့် Xiaomi ဟာ ကားထုတ်လုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆိုသွားခြင်း မရှိတာကိုတော့ သတိပြုရပါမယ်။ ဒါကြောင့် Xiaomi ဟာ တစ်ချိန်မှာ ထောက်ခံခွင့်ပြုချက်များ ရရှိလာတဲ့ အချိန်မျိုးမှာ ကားထုတ်လုပ်မှု ပြုလုပ်လာနိုင်ပါတယ်။

Xiaomi ဟာ ကိုယ်ပိုင် လျှပ်စစ်ကားထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်ခဲ့တာ 2014 ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီတုန်းက Xiaomi ဟာ လျှပ်စစ်ကား ထုတ်လုပ်ရေး စတင်လုံးပန်းလာပြီဖြစ်ကြောင်း သတင်းထွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Apple ဟာလည်း လျှပ်စစ်ကား ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်လျက် ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ကားထုတ်လုပ်ရန် စီစဉ်နေသည်ဆိုသည့် သတင်းကို Xiaomi တုံ့ပြန်လာ




