Huawei ဟာ လာမယ့် ဖေဖော်ဝါရီလ 22 ရက်နေ့မှာ Huawei Mate X2 သစ်ကို ကြေညာလာပါမယ်။ Huawei ဟာ သူတို့ရဲ့ ယခင်မျိုးဆက် ခေါက်နိုင်တဲ့ ရုပ်ထွက်ပါ စမတ်ဖုန်းများမှာ အပြင်ခေါက် ရုပ်ထွက်ဒီဇိုင်းဘဲ အသုံးပြုခဲ့ပါတယ်။ အစောပိုင်း သတင်းများအရ Huawei Mate X2 မှာ အတွင်းခေါက် ရုပ်ထွက်ဒီဇိုင်း သုံးလာမယ်လို့ သတင်းထွက်ထားပါတယ်။

ယနေ့မှာတော့ Huawei ကိုယ်တိုင်က Huawei Mate X2 မှာ အတွင်းခေါက် ရုပ်ထွက်ဒီဇိုင်း အသုံးပြုလာမှာဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Huawei Mate X2 မှာ Samsung Galaxy Fold များလိုဘဲ အတွင်းခေါက် ရုပ်ထွက်ဒီဇိုင်း သုံးလာမှာလည်း ဖြစ်ပါတယ်။

Huawei ဟာ ပိုစတာ 1 ခု တင်ပြီး အတွင်းခေါက်ဒီဇိုင်း သုံးလာမယ်လို့ အတည်ပြုလာပါတယ်။ ယင်းပိုစတာအတွင်းမှာ အဲလ်ဘတ်အိုင်စတိုင်းရဲ့ နာမည်ကျော်စကားဖြစ်တဲ့ “ Knowlodge is limited, imagination embrace the entire world ” ပါဝင်ပါတယ်။ ဒါ့အပြင် Huawei Mate X2 in a new body ဆိုတဲ့ စကားလည်း ထည့်သွင်းထားပါတယ်။

Huawei Mate X2 ကို Kirin 9000 Chipset နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 66W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Huawei Mate X2 တြင္ အတြင္းေခါက္ ႐ုပ္ထြက္ သုံးလာမည္ဟု အတည္ျပဳလာ

Huawei ဟာ လာမယ့္ ေဖေဖာ္ဝါရီလ 22 ရက္ေန႔မွာ Huawei Mate X2 သစ္ကို ေၾကညာလာပါမယ္။ Huawei ဟာ သူတို႔ရဲ႕ ယခင္မ်ိဳးဆက္ ေခါက္ႏိုင္တဲ့ ႐ုပ္ထြက္ပါ စမတ္ဖုန္းမ်ားမွာ အျပင္ေခါက္ ႐ုပ္ထြက္ဒီဇိုင္းဘဲ အသုံးျပဳခဲ့ပါတယ္။ အေစာပိုင္း သတင္းမ်ားအရ Huawei Mate X2 မွာ အတြင္းေခါက္ ႐ုပ္ထြက္ဒီဇိုင္း သုံးလာမယ္လို႔ သတင္းထြက္ထားပါတယ္။

ယေန႔မွာေတာ့ Huawei ကိုယ္တိုင္က Huawei Mate X2 မွာ အတြင္းေခါက္ ႐ုပ္ထြက္ဒီဇိုင္း အသုံးျပဳလာမွာျဖစ္ေၾကာင္း အတည္ျပဳလာၿပီ ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ Huawei Mate X2 မွာ Samsung Galaxy Fold မ်ားလိုဘဲ အတြင္းေခါက္ ႐ုပ္ထြက္ဒီဇိုင္း သုံးလာမွာလည္း ျဖစ္ပါတယ္။

Huawei ဟာ ပိုစတာ 1 ခု တင္ၿပီး အတြင္းေခါက္ဒီဇိုင္း သုံးလာမယ္လို႔ အတည္ျပဳလာပါတယ္။ ယင္းပိုစတာအတြင္းမွာ အဲလ္ဘတ္အိုင္စတိုင္းရဲ႕ နာမည္ေက်ာ္စကားျဖစ္တဲ့ “ Knowlodge is limited, imagination embrace the entire world ” ပါဝင္ပါတယ္။ ဒါ့အျပင္ Huawei Mate X2 in a new body ဆိုတဲ့ စကားလည္း ထည့္သြင္းထားပါတယ္။

Huawei Mate X2 ကို Kirin 9000 Chipset ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး 66W ျဖင့္ အားသြင္းႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)