2021 ခုနှစ် နှစ်သစ်မှာ Sony ဟာ ရောမအက္ခရာသစ် သုံးလာတော့မှာ ဖြစ်ပါတယ်။ Sony Xperia 10 III ဖြစ်ပါတယ်။ ယမန်နှစ်ထွက် Sony Xperia 10 II ရဲ့ခြေရာကို ဆက်ခံမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ယနေ့မှာတော့ Sony Xperia 10 III ရဲ့ တရားဝင် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Sony Xperia 10 III မှာ မျက်နှာပြင် 6 လက်မ သုံးထားပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 154.4 x 68.4 x 8.3 မီလီမီတာ ရှိပါတယ်။ ကင်မရာအထူ အပါအဝင်ဆိုရင် ဖုန်းအထူက 9.1 မီလီမီတာ ရှိပါတယ်။ ယခင်ဗားရှင်းထက် အနည်းငယ် တိုပြီး အနည်းငယ် ပိုပါးလာပါတယ်။

ကျောဘက်ကင်မရာ 3 လုံးပါဝင်ပြီး 12MP + 8MP Telephoto + 8MP Ultrawide ဖြစ်ကြောင်း သိရပါတယ်။ မျက်နှာပြင်မှာ စတီရီယိုစပီကာ 2 လုံး ထည့်သွင်းထားပြီး နားကြပ်ပေါက် ထည့်သွင်းပေးထားတုန်း ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကိုလည်း ပါဝါခလုတ်မှာဘဲ ထည့်သွင်းထားပါတယ်။

အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Sony Xperia 10 III ကို Qualcomm Snapdragon 690 5G Chip နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ Sony Xperia 10 III နဲ့ပတ်သက်ပြီး ဒီလောက်ဘဲ သိရပါသေးတယ်။ ဒီဖုန်းနဲ့ပတ်သက်ပြီး မကြာမီ ကာလအတွင်းမှာ ပိုမိုသိခွင့်ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Sony Xperia 10 III ရဲ႕ တရားဝင္ ဓာတ္ပုံမ်ား ေပါက္ၾကားလာ

2021 ခုႏွစ္ ႏွစ္သစ္မွာ Sony ဟာ ေရာမအကၡရာသစ္ သုံးလာေတာ့မွာ ျဖစ္ပါတယ္။ Sony Xperia 10 III ျဖစ္ပါတယ္။ ယမန္ႏွစ္ထြက္ Sony Xperia 10 II ရဲ႕ေျခရာကို ဆက္ခံမယ့္ စမတ္ဖုန္း ျဖစ္ပါတယ္။ ယေန႔မွာေတာ့ Sony Xperia 10 III ရဲ႕ တရားဝင္ ဓာတ္ပုံမ်ား ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

Sony Xperia 10 III မွာ မ်က္ႏွာျပင္ 6 လက္မ သုံးထားပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 154.4 x 68.4 x 8.3 မီလီမီတာ ရွိပါတယ္။ ကင္မရာအထူ အပါအဝင္ဆိုရင္ ဖုန္းအထူက 9.1 မီလီမီတာ ရွိပါတယ္။ ယခင္ဗားရွင္းထက္ အနည္းငယ္ တိုၿပီး အနည္းငယ္ ပိုပါးလာပါတယ္။

ေက်ာဘက္ကင္မရာ 3 လုံးပါဝင္ၿပီး 12MP + 8MP Telephoto + 8MP Ultrawide ျဖစ္ေၾကာင္း သိရပါတယ္။ မ်က္ႏွာျပင္မွာ စတီရီယိုစပီကာ 2 လုံး ထည့္သြင္းထားၿပီး နားၾကပ္ေပါက္ ထည့္သြင္းေပးထားတုန္း ျဖစ္ပါတယ္။ လက္ေဗြရာစနစ္ကိုလည္း ပါဝါခလုတ္မွာဘဲ ထည့္သြင္းထားပါတယ္။

အေစာပိုင္းတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ Sony Xperia 10 III ကို Qualcomm Snapdragon 690 5G Chip ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ Sony Xperia 10 III နဲ႔ပတ္သက္ၿပီး ဒီေလာက္ဘဲ သိရပါေသးတယ္။ ဒီဖုန္းနဲ႔ပတ္သက္ၿပီး မၾကာမီ ကာလအတြင္းမွာ ပိုမိုသိခြင့္ရရွိလာမယ္လို႔ ယုံၾကည္ရပါတယ္။

NetGuide Journal (Every Wednesday)