2017 ခုနှစ်တုန်းက Apple ဟာ iPhone X မှာ စမတ်ဖုန်းဒီဇိုင်းကို အကြီးမားဆုံး ပြောင်းလဲမှုပြုလုပ်တဲ့အနေဖြင့် Notch ထည့်သွင်းခဲ့ပါတယ်။

Apple ဟာ iPhone X မှ စတင်ကာ နောက်ဆုံးထွက် iPhone 12 စီးရီးအထိ Notch ကို ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။

DigiTimes ရဲ့ ဖော်ပြချက်အရ Apple ဟာ 2021 ခုနှစ်မှာ ထွက်လာမယ့် iPhone 13 မှာလည်း Notch ဒီဇိုင်းဆက်လက် အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် iPhone 13 မှာ ပါဝင်လာမယ့် Notch က ယခင်မော်ဒယ်များရဲ့ Notch ထက် သေးငယ်လာပါမယ်။

iPhone 13 ရဲ့ သေးငယ်တဲ့ Notch အတွင်းမှာ Infrared Camera နှင့် Dot Projector ထည့်သွင်းလာပါမယ်။ Apple ဟာ iPhone 13 ကိုလည်း iPhone 12 စီးရီးတုန်းကလိုဘဲ မော်ဒယ် 4 မျိုးနှင့် ထုတ်လုပ်လာပါမယ်။

Apple ဟာ iPhone 13 စီးရီးရဲ့ မော်ဒယ်အားလုံးမှာ iPhone 12 Pro နှင့် iPhone 12 Pro Max တို့မှာ ထည့်သွင်းထားတဲ့ LiDAR Scanner ထည့်သွင်းလာမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ကြီးမားတဲ့ ထပ်ပေါင်းပါဝင်လာမယ့် အရာကတော့ iPhone 12 Pro Max မှာဘဲပါဝင်တဲ့ Sensor-Shift OIS ပါဝင်လာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

iPhone 13 တြင္ ေသးငယ္တဲ့ Notch ၊ LiDAR ႏွင့္ Sensor-Shift OIS ပါဝင္မည္

2017 ခုႏွစ္တုန္းက Apple ဟာ iPhone X မွာ စမတ္ဖုန္းဒီဇိုင္းကို အႀကီးမားဆုံး ေျပာင္းလဲမႈျပဳလုပ္တဲ့အေနျဖင့္ Notch ထည့္သြင္းခဲ့ပါတယ္။

Apple ဟာ iPhone X မွ စတင္ကာ ေနာက္ဆုံးထြက္ iPhone 12 စီးရီးအထိ Notch ကို ထည့္သြင္းအသုံးျပဳလာခဲ့ပါတယ္။

DigiTimes ရဲ႕ ေဖာ္ျပခ်က္အရ Apple ဟာ 2021 ခုႏွစ္မွာ ထြက္လာမယ့္ iPhone 13 မွာလည္း Notch ဒီဇိုင္းဆက္လက္ အသုံးျပဳလာမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ iPhone 13 မွာ ပါဝင္လာမယ့္ Notch က ယခင္ေမာ္ဒယ္မ်ားရဲ႕ Notch ထက္ ေသးငယ္လာပါမယ္။

iPhone 13 ရဲ႕ ေသးငယ္တဲ့ Notch အတြင္းမွာ Infrared Camera ႏွင့္ Dot Projector ထည့္သြင္းလာပါမယ္။ Apple ဟာ iPhone 13 ကိုလည္း iPhone 12 စီးရီးတုန္းကလိုဘဲ ေမာ္ဒယ္ 4 မ်ိဳးႏွင့္ ထုတ္လုပ္လာပါမယ္။

Apple ဟာ iPhone 13 စီးရီးရဲ႕ ေမာ္ဒယ္အားလုံးမွာ iPhone 12 Pro ႏွင့္ iPhone 12 Pro Max တို႔မွာ ထည့္သြင္းထားတဲ့ LiDAR Scanner ထည့္သြင္းလာမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ႀကီးမားတဲ့ ထပ္ေပါင္းပါဝင္လာမယ့္ အရာကေတာ့ iPhone 12 Pro Max မွာဘဲပါဝင္တဲ့ Sensor-Shift OIS ပါဝင္လာမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)