မနေ့တုန်းက Vivo ဟာ အိန္ဒိယ ဈေးကွက်မှာ Vivo Y20G ကို ကြေညာခဲ့ပါတယ်။ ယနေ့မှာလည်း Vivo ဟာ Y စီးရီး ဖုန်းသစ်အဖြစ် Y31 ကို ကြေညာခဲ့ပါတယ်။

Vivo ဟာ 2015 ခုနှစ်တုန်းက မျက်နှာပြင် 4.7 လက်မ၊ ကျောဘက်ကင်မရာ 1 လုံးတည်းပါဝင်တဲ့ Y31 ကို ကြေညာရောင်းချခဲ့ဖူးပါတယ်။ ယနေ့ကြေညာလာတဲ့ ဖုန်းသစ်ကို Vivo Y31 (2021) လို့ ခေါ်ဝေါ်ရပါမယ်။

Vivo Y31 (2021) ကို Snapdragon 662 SoC နှင့် ပါဝါထောက်ပံ့ထားပြီး Android 11 အခြေပြု Funtouch OS 11 သုံးထားပါတယ်။

RAM6GB ပါဝင်ပါတယ်။ Storage 128GB ပါဝင်သလို microSD ကနေ 1TB အထိ ထပ်တိုးနိုင်ပါတယ်။

Y31 (2021) မှာ 6.58 လက်မ Full HD+ LCD ရုပ်ထွက် သုံးထားပြီး Notch မှာ ရှေ့ကင်မရာ 16MP ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာ 3 လုံး ပါဝင်ပါတယ်။ ကျောဘက်ကင်မရာ 3 လုံးက 48MP + 2MP Macro + 2MP Depth ဖြစ်ပါတယ်။ 4 စင်တီမီတာအထိ အနီးကပ် ရိုက်ကူးနိုင်ပါတယ်။

Ultra Stable Video စနစ်ပါဝင်ပြီး Electronic Image Stabilization (EIS) သုံးထားပါတယ်။ Super Night Mode လည်းပါဝင်ပါတယ်။

Vivo Y31 (2021) မှာ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 5000 mAh ပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်သလို Reverse Charging လည်း ထောက်ပံ့ထားပါတယ်။ USB Type C နှင့် နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

Vivo Y31 (2021) မှာ Racing Black ၊ Ocean Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 225 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 662 SoC ၊ 48MP ေက်ာဘက္ကင္မရာ 3 လုံးႏွင့္ ဘက္ထရီ 5000 mAh ပါဝင္တဲ့ Vivo Y31 သစ္

မေန႔တုန္းက Vivo ဟာ အိႏၵိယ ေဈးကြက္မွာ Vivo Y20G ကို ေၾကညာခဲ့ပါတယ္။ ယေန႔မွာလည္း Vivo ဟာ Y စီးရီး ဖုန္းသစ္အျဖစ္ Y31 ကို ေၾကညာခဲ့ပါတယ္။

Vivo ဟာ 2015 ခုႏွစ္တုန္းက မ်က္ႏွာျပင္ 4.7 လက္မ၊ ေက်ာဘက္ကင္မရာ 1 လုံးတည္းပါဝင္တဲ့ Y31 ကို ေၾကညာေရာင္းခ်ခဲ့ဖူးပါတယ္။ ယေန႔ေၾကညာလာတဲ့ ဖုန္းသစ္ကို Vivo Y31 (2021) လို႔ ေခၚေဝၚရပါမယ္။

Vivo Y31 (2021) ကို Snapdragon 662 SoC ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Android 11 အေျချပဳ Funtouch OS 11 သုံးထားပါတယ္။

RAM6GB ပါဝင္ပါတယ္။ Storage 128GB ပါဝင္သလို microSD ကေန 1TB အထိ ထပ္တိုးႏိုင္ပါတယ္။

Y31 (2021) မွာ 6.58 လက္မ Full HD+ LCD ႐ုပ္ထြက္ သုံးထားၿပီး Notch မွာ ေရွ႕ကင္မရာ 16MP ထည့္သြင္းထားပါတယ္။

ေက်ာဘက္ကင္မရာ 3 လုံး ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာ 3 လုံးက 48MP + 2MP Macro + 2MP Depth ျဖစ္ပါတယ္။ 4 စင္တီမီတာအထိ အနီးကပ္ ႐ိုက္ကူးႏိုင္ပါတယ္။

Ultra Stable Video စနစ္ပါဝင္ၿပီး Electronic Image Stabilization (EIS) သုံးထားပါတယ္။ Super Night Mode လည္းပါဝင္ပါတယ္။

Vivo Y31 (2021) မွာ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားပါတယ္။ ဘက္ထရီ 5000 mAh ပါဝင္ၿပီး 18W ျဖင့္ အားသြင္းႏိုင္သလို Reverse Charging လည္း ေထာက္ပံ့ထားပါတယ္။ USB Type C ႏွင့္ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။

Vivo Y31 (2021) မွာ Racing Black ၊ Ocean Blue အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 225 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)