LG ဟာ CES 2021 ပွဲတုန်းက Rollable Smartphone ကို ကြေညာခဲ့ပါတယ်။

ဒါကိုကြည့်ရင် LG ဟာ စမတ်ဖုန်းဈေးကွက်မှာ ရှင်သန်ဖို့အတွက် အကြံကောင်း ဉာဏ်ကောင်းတွေ ရှိနေဆဲဘဲဆိုတာ မြင်တွေ့ရပါမယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာ LG ဟာ စမတ်ဖုန်းဌာန အကြီးအကျယ် အရှုံးပေါ်မှုအပေါ် စိတ်ပျက်နေပါတယ်။ LG တို့ စမတ်ဖုန်းဈေးကွက်က နုတ်ထွက်သွားနိုင်တယ်လို့ သတင်းထွက်ခဲ့တာ ကြာပြီဖြစ်ပေမယ့် LG က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ LG မိုဘိုင်းဌာနအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲ 1 ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ကုမ္ပဏီ CEO က အပြောင်းအလဲများ ဖြစ်လာနိုင်သော်လည်း ဝန်ထမ်းများကို ဆက်လက်ခန့်အပ်သွားမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။

LG ဟာ ပြီးခဲ့တဲ့ 5 နှစ် အတွင်းမှာ မိုဘိုင်းဌာနက အရှုံးဒေါ်လာ 4.5 ဘီလီယံအထိ ရှိခဲ့ပါတယ်။ LG ဟာ 2020 ခုနှစ်မှာလည်း စမတ်ဖုန်းရောင်းအား ကျဆင်းခဲ့ပြီး 2020 ခုနှစ် ၊ တတိယ 3 လ အတွင်းမှာ အလုံးရေ 7.2 သန်းသာ ရောင်းချခဲ့ရပါတယ်။

LG ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ 2 ရာခိုင်နှုန်း ရယူထားနိုင်တယ်ဆိုပေမယ့် ဆက်တိုက်အရှုံးပေါ်မှုနဲ့အတူ စမတ်ဖုန်းဈေးကွက်က လုံးဝထွက်ခွာဖို့ ဖြစ်လာနိုင်ပြီ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

အႀကီးအက်ယ္ အ႐ံႈးေပၚေနမႈေၾကာင့္ မိုဘိုင္းေဈးကြက္မွာ ေနာက္ဆုတ္သြားဖို႔ ရွိေနတဲ့ LG

LG ဟာ CES 2021 ပြဲတုန္းက Rollable Smartphone ကို ေၾကညာခဲ့ပါတယ္။

ဒါကိုၾကည့္ရင္ LG ဟာ စမတ္ဖုန္းေဈးကြက္မွာ ရွင္သန္ဖို႔အတြက္ အႀကံေကာင္း ဉာဏ္ေကာင္းေတြ ရွိေနဆဲဘဲဆိုတာ ျမင္ေတြ႕ရပါမယ္။

ဒါေပမယ့္ အျခားတစ္ဖက္မွာ LG ဟာ စမတ္ဖုန္းဌာန အႀကီးအက်ယ္ အ႐ံႈးေပၚမႈအေပၚ စိတ္ပ်က္ေနပါတယ္။ LG တို႔ စမတ္ဖုန္းေဈးကြက္က ႏုတ္ထြက္သြားႏိုင္တယ္လို႔ သတင္းထြက္ခဲ့တာ ၾကာၿပီျဖစ္ေပမယ့္ LG က ျငင္းဆန္ခဲ့ပါတယ္။

ဒါေပမယ့္ အခုအခါမွာေတာ့ LG မိုဘိုင္းဌာနအတြင္းမွာ ႀကီးမားတဲ့ အေျပာင္းအလဲ 1 ခု ျဖစ္လာဖို႔ ရွိေနပါတယ္။ ကုမၸဏီ CEO က အေျပာင္းအလဲမ်ား ျဖစ္လာႏိုင္ေသာ္လည္း ဝန္ထမ္းမ်ားကို ဆက္လက္ခန႔္အပ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားလာပါတယ္။

LG ဟာ ၿပီးခဲ့တဲ့ 5 ႏွစ္ အတြင္းမွာ မိုဘိုင္းဌာနက အ႐ႈံးေဒၚလာ 4.5 ဘီလီယံအထိ ရွိခဲ့ပါတယ္။ LG ဟာ 2020 ခုႏွစ္မွာလည္း စမတ္ဖုန္းေရာင္းအား က်ဆင္းခဲ့ၿပီး 2020 ခုႏွစ္ ၊ တတိယ 3 လ အတြင္းမွာ အလုံးေရ 7.2 သန္းသာ ေရာင္းခ်ခဲ့ရပါတယ္။

LG ဟာ ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ 2 ရာခိုင္ႏႈန္း ရယူထားႏိုင္တယ္ဆိုေပမယ့္ ဆက္တိုက္အ႐ံႈးေပၚမႈနဲ႔အတူ စမတ္ဖုန္းေဈးကြက္က လုံးဝထြက္ခြာဖို႔ ျဖစ္လာႏိုင္ၿပီ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)