ဒေါ်နယ်ထရန်းဟာ အမေရိကန် သမ္မတအဖြစ် ရှိနေတဲ့ နောက်ဆုံးရက်တွေမှာ Huawei နှင့် အမေရိကန် ကုမ္ပဏီများအကြား အလုပ်လုပ်မှုကို ကန့်သတ်ပိတ်ပင်မှုများ ပိုမိုတင်းကြပ်လုပ်ဆောင်လာကြောင်း သိရပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ကုန်သွယ်ရေးဌာနဟာ Huawei အား ပစ္စည်းထောက်ပံ့ပေးထားတဲ့ ကုမ္ပဏီအချို့တို့ရဲ့ အထူးလိုင်စင်အချို့တို့ကို ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

2019 ခုနှစ်တုန်းက ဒေါ်နယ်ထရန်း အစိုးရဟာ Huawei ကို နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုပြီး အမေရိကန် ကုမ္ပဏီများထံမှ ပစ္စည်းဝယ်ယူခွင့် ပိတ်ပင်တဲ့အခါ အစိုးရနှင့် သက်ဆိုင်တဲ့ အေဂျင်စီများ၊ ကုမ္ပဏီများတွင် Huawei ပစ္စည်းသုံးခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် တယ်လီကွန်းများတွင် Huawei Network Equipment သုံးခွင့် ပိတ်ပင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အမေရိကန်အစိုးရဟာ ကုမ္ပဏီများအား Huawei ထံသို့ ပစ္စည်းရောင်းချနိုင်ဖို့အတွက် အထူးလိုင်စင် ချပေးမှု ပြုလုပ်ခဲ့ပါတယ်။ ယခု အမေရိကန် အစိုးရက လိုင်စင်ပြန်လည်ရုတ်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်သလဲဆိုတာ မသိရသေးပါဘူး။

အမေရိကန် အစိုးရဟာ မကြာသေးမီတုန်းကလည်း Xiaomi ကို တရုတ်စစ်တပ် ကုမ္ပဏီဆိုပြီး စွပ်စွဲကို Blacklisted စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

သမၼတ ေနာက္ဆုံးရက္ေတြမွာ Huawei ကို ပိုမိုပိတ္ပင္လာတဲ့ ေဒၚနယ္ထရန္း

ေဒၚနယ္ထရန္းဟာ အေမရိကန္ သမၼတအျဖစ္ ရွိေနတဲ့ ေနာက္ဆုံးရက္ေတြမွာ Huawei ႏွင့္ အေမရိကန္ ကုမၸဏီမ်ားအၾကား အလုပ္လုပ္မႈကို ကန႔္သတ္ပိတ္ပင္မႈမ်ား ပိုမိုတင္းၾကပ္လုပ္ေဆာင္လာေၾကာင္း သိရပါတယ္။

႐ိုက္တာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ကုန္သြယ္ေရးဌာနဟာ Huawei အား ပစၥည္းေထာက္ပံ့ေပးထားတဲ့ ကုမၸဏီအခ်ိဳ႕တို႔ရဲ႕ အထူးလိုင္စင္အခ်ိဳ႕တို႔ကို ႐ုတ္သိမ္းခဲ့ေၾကာင္း သိရပါတယ္။

2019 ခုႏွစ္တုန္းက ေဒၚနယ္ထရန္း အစိုးရဟာ Huawei ကို ႏိုင္ငံေတာ္လုံၿခဳံေရး ၿခိမ္းေျခာက္ေနတယ္ဆိုၿပီး အေမရိကန္ ကုမၸဏီမ်ားထံမွ ပစၥည္းဝယ္ယူခြင့္ ပိတ္ပင္တဲ့အခါ အစိုးရႏွင့္ သက္ဆိုင္တဲ့ ေအဂ်င္စီမ်ား၊ ကုမၸဏီမ်ားတြင္ Huawei ပစၥည္းသုံးခြင့္ ပိတ္ပင္ခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္ တယ္လီကြန္းမ်ားတြင္ Huawei Network Equipment သုံးခြင့္ ပိတ္ပင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ အေမရိကန္အစိုးရဟာ ကုမၸဏီမ်ားအား Huawei ထံသို႔ ပစၥည္းေရာင္းခ်ႏိုင္ဖို႔အတြက္ အထူးလိုင္စင္ ခ်ေပးမႈ ျပဳလုပ္ခဲ့ပါတယ္။ ယခု အေမရိကန္ အစိုးရက လိုင္စင္ျပန္လည္႐ုတ္သိမ္းလိုက္တဲ့ ကုမၸဏီေတြထဲမွာ ဘယ္ကုမၸဏီေတြ ပါဝင္သလဲဆိုတာ မသိရေသးပါဘူး။

အေမရိကန္ အစိုးရဟာ မၾကာေသးမီတုန္းကလည္း Xiaomi ကို တ႐ုတ္စစ္တပ္ ကုမၸဏီဆိုၿပီး စြပ္စြဲကို Blacklisted စာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။

NetGuide Journal (Every Wednesday)