Xiaomi ဟာ 2020 ခုနှစ် နှစ်အကုန်မှာ အဆင့်မြင့် စမတ်ဖုန်း Xiaomi Mi 11 ကို ကြေညာခဲ့ပါတယ်။ Xiaomi Mi 11 ကို တရုတ်ဈေးကွက်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

Xiaomi Mi 11 က Snapdragon 888 SoC အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ မကြာသေးမီတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Xiaomi ဟာ Mi 11 Pro ကို ဖေဖော်ဝါရီလမှာ ကြေညာလာမယ်လို့ သိရပါတယ်။

ယနေ့မှာ တရုတ်မီဒီယာများရဲ့ ဖော်ပြချက်အရ Xiaomi Mi 11 Pro မှာ 80W Fast Wireless Charging ပါဝင်လာမယ်လို့ သိရပါတယ်။

Xiaomi ဟာ 80W Fast Wireless Charging ကို ဖန်တီးထားပြီးဖြစ်ကာ ဖုန်းမှာ စတင်အသုံးပြုနိုင်ဖို့အတွက် အာဏာပိုင်အဖွဲ့အစည်းများရဲ့ ထောက်ခံချက်တော့ ရယူရပါဦးမယ်။

Xiaomi Mi 11 Pro မှာ 120W ပါဝင်လာမယ်လို့လည်း သတင်းထွက်ထားပါတယ်။ 120W Fast Charging က ဘက်ထရီ 4000 mAh ကို 18 မိနစ်ဖြင့် အားအပြည့်သွင်းနိုင်ပါတယ်။

ဒီဖုန်းမှာ 10x Optical Zoom ၊ 120x Hybrid Zoom ကင်မရာတို့ ပါဝင်လာမယ်လို့ သိရပါတယ်။ Mi 11 Pro မှာလည်း Mi 11 လိုဘဲ QHD+ OLED 120Hz Refresh Rate နှင့် 480Hz Touch Sampling Rate ပါဝင်လာဖို့ သေချာနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Xiaomi Mi 11 Pro တြင္ 80W Wireless Charging ပါဝင္လာႏိုင္

Xiaomi ဟာ 2020 ခုႏွစ္ ႏွစ္အကုန္မွာ အဆင့္ျမင့္ စမတ္ဖုန္း Xiaomi Mi 11 ကို ေၾကညာခဲ့ပါတယ္။ Xiaomi Mi 11 ကို တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။

Xiaomi Mi 11 က Snapdragon 888 SoC အသုံးျပဳထားတဲ့ ကမာၻ႔ပထမဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ မၾကာေသးမီတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းအရ Xiaomi ဟာ Mi 11 Pro ကို ေဖေဖာ္ဝါရီလမွာ ေၾကညာလာမယ္လို႔ သိရပါတယ္။

ယေန႔မွာ တ႐ုတ္မီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ Xiaomi Mi 11 Pro မွာ 80W Fast Wireless Charging ပါဝင္လာမယ္လို႔ သိရပါတယ္။

Xiaomi ဟာ 80W Fast Wireless Charging ကို ဖန္တီးထားၿပီးျဖစ္ကာ ဖုန္းမွာ စတင္အသုံးျပဳႏိုင္ဖို႔အတြက္ အာဏာပိုင္အဖြဲ႕အစည္းမ်ားရဲ႕ ေထာက္ခံခ်က္ေတာ့ ရယူရပါဦးမယ္။

Xiaomi Mi 11 Pro မွာ 120W ပါဝင္လာမယ္လို႔လည္း သတင္းထြက္ထားပါတယ္။ 120W Fast Charging က ဘက္ထရီ 4000 mAh ကို 18 မိနစ္ျဖင့္ အားအျပည့္သြင္းႏိုင္ပါတယ္။

ဒီဖုန္းမွာ 10x Optical Zoom ၊ 120x Hybrid Zoom ကင္မရာတို႔ ပါဝင္လာမယ္လို႔ သိရပါတယ္။ Mi 11 Pro မွာလည္း Mi 11 လိုဘဲ QHD+ OLED 120Hz Refresh Rate ႏွင့္ 480Hz Touch Sampling Rate ပါဝင္လာဖို႔ ေသခ်ာေနပါတယ္။

NetGuide Journal (Every Wednesday)