OPPO Find X3 Pro ဓာတ်ပုံ ပေါက်ကြားလာပြီး နာရီအနည်းငယ် အကြာမှာဘဲ OPPO က ဒီဖုန်းအား ကြေညာလာမယ့် ကာလကို ပြောကြားလာပါတယ်။

OPPO က OPPO Find X3 ကို 2021 ခုနှစ် ၊ မတ်လမှာ ကြေညာသွားမယ်လို့ ကြေညာလာပါတယ်။

ပေါက်ကြားထားတဲ့ OPPO Find X3 Pro ဓာတ်ပုံအရ ဒီဖုန်းမှာ အခြားစမတ်ဖုန်းများနှင့် ကွဲပြားတဲ့ ကင်မရာအိမ် သုံးလာမှာဖြစ်ပြီး ကျောဘက်ကင်မရာ 4 လုံး ပါဝင်ပါတယ်။

Periscope ကင်မရာလည်း ပါဝင်ပါမယ်။ ဒီဖုန်းမှာ မြင့်မားတဲ့ Fast Charging နှင့် Wireless Charging တို့ ပါဝင်လာဖို့ သေချာပါတယ်။

လက်ရှိအချိန်မှာ OPPO Find X3 နဲ့ပတ်သက်ပြီး များများစားစား မသိရသေးပါဘူး။

ဒါပေမယ့် မကြာမီ ကာလတွေအတွင်းမှာ ဒီဖုန်းတွေနဲ့ ပတ်သက်ပြီး သတင်း ပိုမိုထွက်ပေါ်လာဖို့ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OPPO Find X3 ကို မတ်လတွင် ကြေညာလာမည်






