မနေ့တုန်းက Black Shark က လာမယ့် သူတို့ရဲ့ ဂိမ်းစမတ်ဖုန်းသစ် Black Shark 4 မှာ ဘက်ထရီ 4500 mAh နှင့် 120W Fast Charging ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။
ယနေ့မှာ Black Shark CEO ဟာ Black Shark 4 ရဲ့ AnTuTu ရမှတ်ကို အွန်လိုင်းမှာ အတည်ပြုလာပါတယ်။
Black Shark 4 ဟာ AnTuTu မှာ ရမှတ် အများဆုံး ရရှိတဲ့ ဖုန်းအဖြစ် ရပ်တည်နေပြီး ရမှတ် 788505 ရရှိထားပါတယ်။
Black Shark 4 ဟာ Xiaomi Mi 11 အပြင် မကြေညာသေးတဲ့ OPPO Find X3 ထက် ရမှတ် မြင့်မားကာ iQOO 7 ထက်လည်း မြင့်မားပါတယ်။
Black Shark CEO ဟာ Black Shark 4 ရဲ့ ရမှတ်က AnTuTu မှာ အမြင့်ဆုံးဖြစ်နေမှုအပေါ် ဂုဏ်မယူတဲ့အပြင် 8 သိန်း မကျော်တဲ့အတွက် စိတ်ပျက်နေပါသေးတယ်။
လက်ရှိအချိန်မှာ Black Shark 4 နဲ့ပတ်သက်ပြီး များများစားစား မသိရသေးပေမယ့်လည်း ဒီဖုန်းကို Snapdragon 888 နှင့် ပါဝါထောက်ပံ့လာပါမယ်။ OLED FHD+ 120Hz Refresh Rate သုံးလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

AnTuTu မှာ ဘုရင်သစ် ဖြစ်လာတဲ့ Black Shark 4
