ပြီးခဲ့တဲ့ နှစ်တုန်းက nubia ဟာ ဂိမ်းစမတ်ဖုန်းများအဖြစ် Red Magic 5S နှင့် Red Magic 5G စတဲ့ ဂိမ်းစမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ယခုနှစ်မှာတော့ ကိန်းဂဏန်း 6 သို့ ရောက်လာပြီ ဖြစ်ပါတယ်။

ယနေ့မှာ nubia က Red Magic 6 မှာ များပြားတဲ့ ဘက်ထရီ ပါဝင်မယ့်အပြင် အမိုက်စား Fast Charging ပါဝင်လာမယ်လို့ ဆိုထားပါတယ်။

Red Magic 6 မှာ ဘက်ထရီ 4500 mAh ပါဝင်မှာဖြစ်ပြီး 120W ဖြင့် အားသွင်းနိုင်ပါမယ်။ ယမန်နှစ်ထွက် Red Magic 5S နှင့် Red Magic 5G တို့မှာ 55W Fast Charging တို့ဘဲ ထောက်ပံ့ထားခဲ့တာပါ။

လက်ရှိအချိန်မှာ Red Magic 6 ဆိုတဲ့ အမည်ကလည်း အမှန်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

nubia Red Magic 6 တွင် များပြားတဲ့ ဘက်ထရီနှင့် လျှင်မြန်တဲ့ Fast Charging ပါဝင်မည်




