TCL ဟာ 2021 ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံး စမတ်ဖုန်းအဖြစ် TCL 20 ကို ကြေညာလာပါတယ်။
TCL ဟာ TCL 20 အဖြစ် ယခုနှစ်မှာ မော်ဒယ် 5 မျိုးအထိ ကြေညာရောင်းချလာမှာဖြစ်ပြီး ယနေ့မှာ TCL 20 5G နှင့် TCL 20 SE ကို ကြေညာလာပါတယ်။ TCL 20 Pro 5G ၊ TCL 20L ၊ TCL 20S တို့ကိုတော့ နွေရာသီမှာမှ ကြေညာရောင်းချလာပါမယ်။

TCL 20 5G

TCL 20 5G က TCL ထုတ် စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်း အသက်သာဆုံး 5G စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းကို Snapdragon 690 Chipset ၊ RAM6GB နှင့် ပါဝါထောက်ပံ့ထားပါတယ်။
မျက်နှာပြင် 6.7 လက်မ LCD Dotch Display သုံးလာပါတယ်။ Punch-Hole မှာ ရှေ့ကင်မရာ 8MP ကို ထည့်သွင်းထားပါတယ်။
ကျောဘက်ကင်မရာ 3 လုံးပါဝင်ပြီး အဓိက ကင်မရာက 48MP ဖြစ်ကာ ဒုတိယ ကင်မရာက 118 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ဖြစ်ပါတယ်။ တတိယ ကင်မရာက 2MP Macro ဖြစ်ပါတယ်။
TCL 20 5G မှာ ဘက်ထရီ 4500 mAh ပါဝင်ပြီး 18W Fast Charging ထောက်ပံ့ထားပါတယ်။
ဒီဖုန်းကို အနက်ရောင်၊ အပြာရောင်နှင့် ရွေးချယ်နိုင်ပြီး ယခုလ အကုန်မှာ အီတလီမှာ ယူရို 299 ဖြင့် စတင်ရောင်းချသွားပါမယ်။

TCL 20 SE

TCL 20 SE မှာ မျက်နှာပြင် 6.82 လက်မ LCD HD+ ရုပ်ထွက် သုံးထားပါတယ်။ Waterdrop Notch သုံးထားပြီး ရှေ့ကင်မရာ 8MP ထည့်သွင်းထားပါတယ်။
Snapdragon 460 Chipset ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 64GB ပါဝင်ကာ microSD မှ တဆင့် 256GB အထိ ထပ်တိုးနိုင်ပါမယ်။
ကျောဘက်ကင်မရာ 4 လုံး ပါဝင်ပြီး 16MP + 5MP Ultrawide + 2MP Macro + 2MP Depth တို့ ဖြစ်ပါတယ်။
ဘက်ထရီ 5000 mAh ပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်ပါမယ်။ 10W Charger ကို ဗူးအတွင်းမှာ ထည့်သွင်းထားပါတယ်။ Android 11 ၊ FM Radio ၊ Bluetooth 5.0 ၊ USB  Type C ၊ NFC တို့ ပါဝင်ပါတယ်။
TCL 20 SE ကို အနက်ရောင်၊ အစိမ်းရောင်တို့နှင့် ရွေးချယ်နိုင်ကာ ယူရို 149 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို ဇန်နဝါရီလ အတွင်းမှာဘဲ ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ေဈးႏႈန္း သက္သာတဲ့ ဖုန္းသစ္မ်ားအျဖစ္ TCL 20 5G ႏွင့္ TCL 20 SE တို႔ကို ေၾကညာ

TCL ဟာ 2021 ခုႏွစ္မွာ သူတို႔ရဲ႕ ပထမဆုံး စမတ္ဖုန္းအျဖစ္ TCL 20 ကို ေၾကညာလာပါတယ္။
TCL ဟာ TCL 20 အျဖစ္ ယခုႏွစ္မွာ ေမာ္ဒယ္ 5 မ်ိဳးအထိ ေၾကညာေရာင္းခ်လာမွာျဖစ္ၿပီး ယေန႔မွာ TCL 20 5G ႏွင့္ TCL 20 SE ကို ေၾကညာလာပါတယ္။ TCL 20 Pro 5G ၊ TCL 20L ၊ TCL 20S တို႔ကိုေတာ့ ေႏြရာသီမွာမွ ေၾကညာေရာင္းခ်လာပါမယ္။

TCL 20 5G

TCL 20 5G က TCL ထုတ္ စမတ္ဖုန္းေတြထဲမွာ ေဈးႏႈန္း အသက္သာဆုံး 5G စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီဖုန္းကို Snapdragon 690 Chipset ၊ RAM6GB ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။
မ်က္ႏွာျပင္ 6.7 လက္မ LCD Dotch Display သုံးလာပါတယ္။ Punch-Hole မွာ ေရွ႕ကင္မရာ 8MP ကို ထည့္သြင္းထားပါတယ္။
ေက်ာဘက္ကင္မရာ 3 လုံးပါဝင္ၿပီး အဓိက ကင္မရာက 48MP ျဖစ္ကာ ဒုတိယ ကင္မရာက 118 ဒီဂရီျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္မယ့္ 8MP ျဖစ္ပါတယ္။ တတိယ ကင္မရာက 2MP Macro ျဖစ္ပါတယ္။
TCL 20 5G မွာ ဘက္ထရီ 4500 mAh ပါဝင္ၿပီး 18W Fast Charging ေထာက္ပံ့ထားပါတယ္။
ဒီဖုန္းကို အနက္ေရာင္၊ အျပာေရာင္ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး ယခုလ အကုန္မွာ အီတလီမွာ ယူ႐ို 299 ျဖင့္ စတင္ေရာင္းခ်သြားပါမယ္။

TCL 20 SE

TCL 20 SE မွာ မ်က္ႏွာျပင္ 6.82 လက္မ LCD HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ Waterdrop Notch သုံးထားၿပီး ေရွ႕ကင္မရာ 8MP ထည့္သြင္းထားပါတယ္။
Snapdragon 460 Chipset ၊ RAM4GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Storage 64GB ပါဝင္ကာ microSD မွ တဆင့္ 256GB အထိ ထပ္တိုးႏိုင္ပါမယ္။
ေက်ာဘက္ကင္မရာ 4 လုံး ပါဝင္ၿပီး 16MP + 5MP Ultrawide + 2MP Macro + 2MP Depth တို႔ ျဖစ္ပါတယ္။
ဘက္ထရီ 5000 mAh ပါဝင္ၿပီး 18W ျဖင့္ အားသြင္းႏိုင္ပါမယ္။ 10W Charger ကို ဗူးအတြင္းမွာ ထည့္သြင္းထားပါတယ္။ Android 11 ၊ FM Radio ၊ Bluetooth 5.0 ၊ USB  Type C ၊ NFC တို႔ ပါဝင္ပါတယ္။
TCL 20 SE ကို အနက္ေရာင္၊ အစိမ္းေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ကာ ယူ႐ို 149 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို ဇန္နဝါရီလ အတြင္းမွာဘဲ ေရာင္းခ်သြားပါမယ္။
NetGuide Journal (Every Wednesday)