Honor ဟာ Huawei လက်အောက်မှ ထွက်ခွာကာ လွတ်လပ်တဲ့ အမှတ်တံဆိပ်အဖြစ် ရပ်တည်လာပြီးနောက် ပထမဆုံးသော လက်တော့ပ်ကို ကြေညာလာပါတယ်။ Honor MagicBook Pro 2021 ဖြစ်ပါတယ်။

Honor ဟာ Huawei လက်အောက်မှ ထွက်ခွာကာ အမေရိကန်ရဲ့ ပိတ်ပင်မှု လွတ်မြောက်လာပြီးနောက် ပထမဆုံး Device ကို ကြေညာလာတာလည်း ဖြစ်ပါတယ်။

ယခင် Honor လက်တော့ပ်များမှာ AMD Ryzen 5 4600H Processor သုံးထားပေမယ့် မော်ဒယ်သစ်မှာတော့ Intel သုံးထားပါတယ်။ Intel Core i5 10210U နှင့် NVIDIA MX350 GPU သုံးထားပါတယ်။

Intel Chipset သုံးထားပေမယ့် 10th Gen ကို သုံးလာတာဖြစ်ပြီး Chipset ပိုင်းမှာ ယခင်ဗားရှင်းလောက် မမြင့်မားပါဘူး။

ဒီလက်တော့ပ်သစ်မှာ 16.1 လက်မ Full HD ရုပ်ထွက် သုံးထားပြီး 100% sRGB Coverage ထောက်ပံ့ထားပါတယ်။ 16GB RAM နှင့် 512GB NVMe Storage ပါဝင်ပါတယ်။ ဗီဒီယိုဖုန်းခေါ်ဆိုမှုအတွက် Pop-Up Webcam ပါဝင်ပါတယ်။ USB-A ပေါက် 3 ခု ၊ USB Type C ပေါက် 1 ခု ၊ HDMI ပေါက် 1 ခုအပြင် နားကြပ်ပေါက် 1 ခုလည်း ပါဝင်ပါတယ်။

လက်ဗွေရာစနစ်ကို ပါဝါခလုတ်မှာဘဲ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 56 WHr ပါဝင်ပြီး 11 နာရီခွဲအထိ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ လက်တော့ပ်ဗူးအတွင်းမှာ 65W Charger ထည့်သွင်းပေးထားပါတယ်။

ဘယ်တော့ ရောင်းချမယ်ဆိုတာ မသိရသေးပေမယ့် ဈေးနှုန်း ဒေါ်လာ 1000 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Intel Chipset အသုံးျပဳထားတဲ့ Honor MagicBook Pro 2021 ကို ေၾကညာ

Honor ဟာ Huawei လက္ေအာက္မွ ထြက္ခြာကာ လြတ္လပ္တဲ့ အမွတ္တံဆိပ္အျဖစ္ ရပ္တည္လာၿပီးေနာက္ ပထမဆုံးေသာ လက္ေတာ့ပ္ကို ေၾကညာလာပါတယ္။ Honor MagicBook Pro 2021 ျဖစ္ပါတယ္။

Honor ဟာ Huawei လက္ေအာက္မွ ထြက္ခြာကာ အေမရိကန္ရဲ႕ ပိတ္ပင္မႈ လြတ္ေျမာက္လာၿပီးေနာက္ ပထမဆုံး Device ကို ေၾကညာလာတာလည္း ျဖစ္ပါတယ္။

ယခင္ Honor လက္ေတာ့ပ္မ်ားမွာ AMD Ryzen 5 4600H Processor သုံးထားေပမယ့္ ေမာ္ဒယ္သစ္မွာေတာ့ Intel သုံးထားပါတယ္။ Intel Core i5 10210U ႏွင့္ NVIDIA MX350 GPU သုံးထားပါတယ္။

Intel Chipset သုံးထားေပမယ့္ 10th Gen ကို သုံးလာတာျဖစ္ၿပီး Chipset ပိုင္းမွာ ယခင္ဗားရွင္းေလာက္ မျမင့္မားပါဘူး။

ဒီလက္ေတာ့ပ္သစ္မွာ 16.1 လက္မ Full HD ႐ုပ္ထြက္ သုံးထားၿပီး 100% sRGB Coverage ေထာက္ပံ့ထားပါတယ္။ 16GB RAM ႏွင့္ 512GB NVMe Storage ပါဝင္ပါတယ္။ ဗီဒီယိုဖုန္းေခၚဆိုမႈအတြက္ Pop-Up Webcam ပါဝင္ပါတယ္။ USB-A ေပါက္ 3 ခု ၊ USB Type C ေပါက္ 1 ခု ၊ HDMI ေပါက္ 1 ခုအျပင္ နားၾကပ္ေပါက္ 1 ခုလည္း ပါဝင္ပါတယ္။

လက္ေဗြရာစနစ္ကို ပါဝါခလုတ္မွာဘဲ ထည့္သြင္းထားပါတယ္။ ဘက္ထရီ 56 WHr ပါဝင္ၿပီး 11 နာရီခြဲအထိ အသုံးျပဳႏိုင္မယ္လို႔ ဆိုထားပါတယ္။ လက္ေတာ့ပ္ဗူးအတြင္းမွာ 65W Charger ထည့္သြင္းေပးထားပါတယ္။

ဘယ္ေတာ့ ေရာင္းခ်မယ္ဆိုတာ မသိရေသးေပမယ့္ ေဈးႏႈန္း ေဒၚလာ 1000 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)