Meizu ဟာ 2018 ခုနှစ်တုန်းက ပထမဆုံး POP TWS ကြိုးမဲ့နားကြပ်ကို ကြေညာရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက Meizuဟာ POP 2 နှင့် POP 2s တို့ကို ရောင်းချခဲ့ပါတယ်။ ယနေ့မှာ ကုမ္ပဏီဟာ နောက်ထပ် မော်ဒယ် 1 ခုကို ကြေညာလာပါတယ်။

Meizu Pop Pro ဖြစ်ပါတယ်။ Meizu Pop Pro က Meizuရဲ့ Active Noise Cancellation စနစ်ပါဝင်တဲ့ ပထမဆုံး နားကြပ်လည်း ဖြစ်ပါတယ်။ ဈေးနှုန်းလည်း 77 ဒေါ်လာဘဲ သတ်မှတ်ထားပါတယ်။ ဒီနားကြပ်ကို ယနေ့မှာဘဲ စတင်ရောင်းချသွားပါမယ်။

Meizu Pop Pro ရဲ့ ဒီဇိုင်းက Apple AirPods Pro နှင့် တူပါတယ်။ နားကြပ်ရော နားကြပ်အိမ်ရော တူပါတယ်။ မိုက်ခရိုဖုန်း 3 လုံးပါဝင်ပြီး ဖုန်းခေါ်ဆိုတဲ့အခါ ဆူညံသံများကို ဖယ်ရှားပေးပါမယ်။ ဒါ့အပြင် စွမ်းဆောင်ရည် မြင့်မားတဲ့ Bass သံ ခံစားနိုင်အောင်လည်း လုပ်ဆောင်ထားပါတယ်။

နားကြပ်မှာ ANC ဖွင့်သုံးရင် 4 နာရီနှင့် ANC ပိတ်သုံးရင် 6.5 နာရီ အသုံးပြုနိုင်တဲ့ ဘက်ထရီ ပါဝင်ပါတယ်။ Case မှာ ဘက်ထရီ အားသွင်းပြီး သုံးမယ်ဆိုရင် နာရီ 20 အထိ သုံးနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ANC စနစ္ ပါဝင္ၿပီး ေဈးႏႈန္း 77 ေဒၚလာသာ သတ္မွတ္ထားတဲ့ Meizu Pop Pro TWS နားၾကပ္ကို ေၾကညာ

Meizu ဟာ 2018 ခုႏွစ္တုန္းက ပထမဆုံး POP TWS ႀကိဳးမဲ့နားၾကပ္ကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္တုန္းက Meizuဟာ POP 2 ႏွင့္ POP 2s တို႔ကို ေရာင္းခ်ခဲ့ပါတယ္။ ယေန႔မွာ ကုမၸဏီဟာ ေနာက္ထပ္ ေမာ္ဒယ္ 1 ခုကို ေၾကညာလာပါတယ္။

Meizu Pop Pro ျဖစ္ပါတယ္။ Meizu Pop Pro က Meizuရဲ႕ Active Noise Cancellation စနစ္ပါဝင္တဲ့ ပထမဆုံး နားၾကပ္လည္း ျဖစ္ပါတယ္။ ေဈးႏႈန္းလည္း 77 ေဒၚလာဘဲ သတ္မွတ္ထားပါတယ္။ ဒီနားၾကပ္ကို ယေန႔မွာဘဲ စတင္ေရာင္းခ်သြားပါမယ္။

Meizu Pop Pro ရဲ႕ ဒီဇိုင္းက Apple AirPods Pro ႏွင့္ တူပါတယ္။ နားၾကပ္ေရာ နားၾကပ္အိမ္ေရာ တူပါတယ္။ မိုက္ခ႐ိုဖုန္း 3 လုံးပါဝင္ၿပီး ဖုန္းေခၚဆိုတဲ့အခါ ဆူညံသံမ်ားကို ဖယ္ရွားေပးပါမယ္။ ဒါ့အျပင္ စြမ္းေဆာင္ရည္ ျမင့္မားတဲ့ Bass သံ ခံစားႏိုင္ေအာင္လည္း လုပ္ေဆာင္ထားပါတယ္။

နားၾကပ္မွာ ANC ဖြင့္သုံးရင္ 4 နာရီႏွင့္ ANC ပိတ္သုံးရင္ 6.5 နာရီ အသုံးျပဳႏိုင္တဲ့ ဘက္ထရီ ပါဝင္ပါတယ္။ Case မွာ ဘက္ထရီ အားသြင္းၿပီး သုံးမယ္ဆိုရင္ နာရီ 20 အထိ သုံးႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)