iPhone သစ်နဲ့ပတ်သက်ပြီး ပြောဖို့ အချိန်ကျရောက်လာပြီ ဖြစ်ပါတယ်။

ယနေ့နှစ် အစောပိုင်းတုန်းက ထွက်ခဲ့တဲ့ သတင်းအရ iPhone 13 ရဲ့ Pro ဗားရှင်း 2 မျိုးတို့မှာ Samsung ထုတ် 120Hz OLED ရုပ်ထွက် သုံးလာမှာဖြစ်ကြောင်း သိရပါတယ်။

ယနေ့မှာတော့ iPhone 13 ရဲ့ ဒီဇိုင်းနဲ့ပတ်သက်ပြီး သတင်း ထွက်လာပါတယ်။

ဂျပန်ဘလော့ MacOtakara ရဲ့ ဖော်ပြချက်အရ iPhone 13 မှာ iPhone 12 ရဲ့ ဒီဇိုင်းကိုဘဲ ဆက်လက် အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် ဖုန်းက 0.26 မီလီမီတာအထိ ပိုပါးလာမယ့် အပြင် Notch မှာလည်း သေးငယ်လာမှာဖြစ်ကြောင်း သိရပါတယ်။

Apple ဟာ iPhone 13 ရဲ့ Camera Bump ကိုလည်း အပြောင်းအလဲအချို့ လုပ်ဆောင်လာမှာဖြစ်ပြီး ကင်မရာ 1 လုံးတည်းလို့ ထင်မှတ်ရအောင် လုပ်ဆောင်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

iPhone 13 တြင္ iPhone 12 ဒီဇိုင္း သုံးလာမွာျဖစ္ေပမယ့္ ပိုပါးလာမယ့္အျပင္ Notch ပိုေသးလာမည္

2021 ခုႏွစ္သို႔ ေရာက္လာပါၿပီ။ ဒီေတာ့ မ်ိဳးဆက္သစ္ iPhone သစ္နဲ႔ပတ္သက္ၿပီး ေျပာဖို႔ အခ်ိန္က်ေရာက္လာၿပီ ျဖစ္ပါတယ္။

ယေန႔ႏွစ္ အေစာပိုင္းတုန္းက ထြက္ခဲ့တဲ့ သတင္းအရ iPhone 13 ရဲ႕ Pro ဗားရွင္း 2 မ်ိဳးတို႔မွာ Samsung ထုတ္ 120Hz OLED ႐ုပ္ထြက္ သုံးလာမွာျဖစ္ေၾကာင္း သိရပါတယ္။

ယေန႔မွာေတာ့ iPhone 13 ရဲ႕ ဒီဇိုင္းနဲ႔ပတ္သက္ၿပီး သတင္း ထြက္လာပါတယ္။

ဂ်ပန္ဘေလာ့ MacOtakara ရဲ႕ ေဖာ္ျပခ်က္အရ iPhone 13 မွာ iPhone 12 ရဲ႕ ဒီဇိုင္းကိုဘဲ ဆက္လက္ အသုံးျပဳလာမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ဖုန္းက 0.26 မီလီမီတာအထိ ပိုပါးလာမယ့္ အျပင္ Notch မွာလည္း ေသးငယ္လာမွာျဖစ္ေၾကာင္း သိရပါတယ္။

Apple ဟာ iPhone 13 ရဲ႕ Camera Bump ကိုလည္း အေျပာင္းအလဲအခ်ိဳ႕ လုပ္ေဆာင္လာမွာျဖစ္ၿပီး ကင္မရာ 1 လုံးတည္းလို႔ ထင္မွတ္ရေအာင္ လုပ္ေဆာင္လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)