Google က Google Phone App ကို Play Store မှာ တင်ထားတာ ကြာမြင့်ပြီဆိုပေမယ့် Call Recording စနစ်ကို ဖုန်းအားလုံးမှာ သုံးနိုင်ခြင်း မရှိပါဘူး။

ယင်းစနစ်ကို သုံးနိုင်တဲ့ ဖုန်းတွေထဲမှာ Xiaomi ၊ Nokia နှင့် Google ပိုင် Pixel စမတ်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Google ဟာ Google Phone App မှာ အမည်မသိ ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာပါက အလိုအလျှောက် Recording လုပ်ပေးမယ့်စနစ် ထည့်သွင်းဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

XDA က Google Phone App ရဲ့ ဗားရှင်း 59 ကို စစ်ဆေးမှုပြုလုပ်ရာတွင် Always Record ၊ con_contact_toggel-key ၊ Numbers not in your contacts အပြင် အခြားကုတ်များစွာကို တွေ့ရှိရကြောင်း ဖော်ပြလာပါတယ်။

ဒါကိုကြည့်ရင် Google ဟာ Google Phone App မှာ အမည်မသိ ဖုန်းခေါ်ဝင်ရောက်လာပါက အသံဖမ်းယူမှု အလိုအလျှောက် ပြုလုပ်လာမယ့်စနစ် ပါဝင်လာဖို့ သေချာနေပါတယ်။

Google Phone App မှာ Recording စနစ်ကို ပြီးခဲ့တဲ့နှစ်မှ စတင်ထည့်သွင်းလာခဲ့တာဖြစ်ပြီး အစောပိုင်းတုန်းက Pixel ဖုန်းများမှာဘဲ သုံးနိုင်ပေမယ့် 2020 ခုနှစ် မေလမှ စတင်ကာ Xiaomi နှင့် Nokia ဖုန်းများမှာလည်း သုံးနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

Xiaomi ဖုန်းများရဲ့ Global ဗားရှင်း ဖုန်းများမှာ Google Phone App က တစ်ပါတည်း ပါဝင်ပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Google Phone App တြင္ အမည္မသိ ဖုန္းဝင္လာမႈအား အလိုအေလွ်ာက္ Record ေပးမည့္စနစ္ ပါဝင္မည္

Google က Google Phone App ကို Play Store မွာ တင္ထားတာ ၾကာျမင့္ၿပီဆိုေပမယ့္ Call Recording စနစ္ကို ဖုန္းအားလုံးမွာ သုံးႏိုင္ျခင္း မရွိပါဘူး။

ယင္းစနစ္ကို သုံးႏိုင္တဲ့ ဖုန္းေတြထဲမွာ Xiaomi ၊ Nokia ႏွင့္ Google ပိုင္ Pixel စမတ္ဖုန္းမ်ားမွာ အသုံးျပဳႏိုင္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Google ဟာ Google Phone App မွာ အမည္မသိ ဖုန္းေခၚဆိုမႈ ဝင္ေရာက္လာပါက အလိုအေလွ်ာက္ Recording လုပ္ေပးမယ့္စနစ္ ထည့္သြင္းဖို႔ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

XDA က Google Phone App ရဲ႕ ဗားရွင္း 59 ကို စစ္ေဆးမႈျပဳလုပ္ရာတြင္ Always Record ၊ con_contact_toggel-key ၊ Numbers not in your contacts အျပင္ အျခားကုတ္မ်ားစြာကို ေတြ႕ရွိရေၾကာင္း ေဖာ္ျပလာပါတယ္။

ဒါကိုၾကည့္ရင္ Google ဟာ Google Phone App မွာ အမည္မသိ ဖုန္းေခၚဝင္ေရာက္လာပါက အသံဖမ္းယူမႈ အလိုအေလွ်ာက္ ျပဳလုပ္လာမယ့္စနစ္ ပါဝင္လာဖို႔ ေသခ်ာေနပါတယ္။

Google Phone App မွာ Recording စနစ္ကို ၿပီးခဲ့တဲ့ႏွစ္မွ စတင္ထည့္သြင္းလာခဲ့တာျဖစ္ၿပီး အေစာပိုင္းတုန္းက Pixel ဖုန္းမ်ားမွာဘဲ သုံးႏိုင္ေပမယ့္ 2020 ခုႏွစ္ ေမလမွ စတင္ကာ Xiaomi ႏွင့္ Nokia ဖုန္းမ်ားမွာလည္း သုံးႏိုင္ေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။

Xiaomi ဖုန္းမ်ားရဲ႕ Global ဗားရွင္း ဖုန္းမ်ားမွာ Google Phone App က တစ္ပါတည္း ပါဝင္ၿပီး ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)