Xiaomi ဟာ နိုင်ငံတကာဈေးကွက်မှာ Redmi Note 9T 5G နှင့်အတူ Redmi 9T ကို ကြေညာလာပါတယ်။ Redmi 9T က ဈေးနှုန်းနှင့် နှိုင်းယှဉ်ရင် အလွန်ကောင်းတဲ့ စမတ်ဖုန်း 1 လုံး ဖြစ်ပါတယ်။

Redmi 9T မှာ မျက်နှာပြင် 6.53 လက်မ IPS LCD 1080p ရုပ်ထွက် သုံးထားပါတယ်။ Redmi 9T မှာ Redmi Note 9T 4G လိုဘဲ အဓိက ကင်မရာ 48MP သုံးထားပါတယ်။

ဒီဖုန်းမှာ 8MP Ultrawide အပြင် 2MP Macro နှင့် 2MP Depth တို့လည်း ပါဝင်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။

Redmi 9T ကို Snapdragon 662 SoC နှင့် ပါဝါထောက်ပံ့ထားပြီး RAM4GB ၊ RAM6GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ Storage 64GB နှင့် 128GB တို့နှင့် ရွေးနိုင်ပါမယ်။

ဘက်ထရီ 6000 mAh ပါဝင်ပြီး 18W ဖြင့် အားသွင်းနိုင်ပါမယ်။ Xiaomi က ဘက်ထရီမှာ 4 နှစ်အထိ မပျက်စီးဘဲ အားသွင်းနိုင်မယ်လို့ ဆိုထားပါတယ်။

Redmi 9T မှာလည်း Infrared Sensor ၊ နားကြပ်ပေါက်နှင့် NFC တို့ ပါဝင်ပါတယ်။

Redmi 9T ရဲ့ 4/64GB ဗားရှင်းကို ယူရို 159 သတ်မှတ်ထားပြီး NFC ဗားရှင်းက ယူရို 10 ပိုများပါတယ်။ 4/64GB ကို ယူရို 189 သတ်မှတ်ထားကာ NFC ဗားရှင်းက 10 ယူရို ပိုများပါတယ်။ အဆင့်မြင့်ဗားရှင်းဖြစ်တဲ့ 6/128GB ဗားရှင်းရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

ဒီဖုန်းများကို Twilight Blue ၊ Sunset Orange ၊ Carbon Gray ၊ Ocean Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 662 ၊ ဘက်ထရီ 6000 mAh ပါဝင်တဲ့ Xiaomi Redmi 9T ကို ကြေညာ








