OnePlus က သူတို့ရဲ့ ပထမဆုံး စမတ်လက်ပတ် OnePlus Band ကို လာမယ့် ဇန်နဝါရီလ 11 ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေညာလာပါတယ်။

OnePlus ဟာ OnePlus Band ကို မိတ်ဆက်မယ့်နေ့အပြင် ဒီစမတ်လက်ပတ်မှာ SpO2 ဆင်ဆာလည်း ပါဝင်လာမယ်လို့ အတည်ပြုသွားပါတယ်။ SpO2 ဆင်ဆာက သွေးထဲအောက်စီဂျင်ရှိမှုကို တိုင်းတာပေးနိုင်ပါတယ်။

OnePlus Band ကို အိန္ဒိယဈေးကွက်မှာ ကြေညာပြီး ယင်းမှာဘဲ ပထမဆုံး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အွန်လိုင်းကဘဲ သီးသန့်ရောင်းချမှာ ဖြစ်ပါတယ်။

OnePlus Band မှာ နှလုံးခုန်နှုန်းတိုင်းဆင်ဆာ၊ အိပ်ချိန်စောင့်ကြည့်စနစ်၊ Music Control နှင့် ရေစိမ်ခံစနစ်တို့ ပါဝင်ပါမယ်။

OnePlus Band က ယောဂ၊ ရေကူး၊ ခရစ်ကတ် အပါအဝင် အားကစားလှုပ်ရှားမှု 13 မျိုးကို Tracking လုပ်ပေးနိုင်ပါတယ်။ ဘက်ထရီ ဘယ်လောက် ပါဝင်မယ်ဆိုတာ မသိရသေးပေမယ့် 14 ရက်ကြာ အသုံးပြုနိုင်မယ့် ဘက်ထရီ ပါဝင်မယ်လို့ ဆိုထားပါတယ်။

အစောပိုင်းတုန်းက ထွက်ပေါ်ထားတဲ့ သတင်းအရ OnePlus Band မှာ 1.1 လက်မ AMOLED ရုပ်ထွက် သုံးလာမှာဖြစ်ပြီး ဈေးနှုန်း 35 ဒေါ်လာ ဖြစ်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

14 ရက္ၾကာ သုံးႏိုင္မယ့္ ဘက္ထရီႏွင့္ SpO2 Sensor ပါဝင္လာမယ့္ OnePlus Band ကို မနက္ျဖန္ မိတ္ဆက္မည္

OnePlus က သူတို႔ရဲ႕ ပထမဆုံး စမတ္လက္ပတ္ OnePlus Band ကို လာမယ့္ ဇန္နဝါရီလ 11 ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ေၾကညာလာပါတယ္။

OnePlus ဟာ OnePlus Band ကို မိတ္ဆက္မယ့္ေန႔အျပင္ ဒီစမတ္လက္ပတ္မွာ SpO2 ဆင္ဆာလည္း ပါဝင္လာမယ္လို႔ အတည္ျပဳသြားပါတယ္။ SpO2 ဆင္ဆာက ေသြးထဲေအာက္စီဂ်င္ရွိမႈကို တိုင္းတာေပးႏိုင္ပါတယ္။

OnePlus Band ကို အိႏၵိယေဈးကြက္မွာ ေၾကညာၿပီး ယင္းမွာဘဲ ပထမဆုံး ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အြန္လိုင္းကဘဲ သီးသန႔္ေရာင္းခ်မွာ ျဖစ္ပါတယ္။

OnePlus Band မွာ ႏွလုံးခုန္ႏႈန္းတိုင္းဆင္ဆာ၊ အိပ္ခ်ိန္ေစာင့္ၾကည့္စနစ္၊ Music Control ႏွင့္ ေရစိမ္ခံစနစ္တို႔ ပါဝင္ပါမယ္။

OnePlus Band က ေယာဂ၊ ေရကူး၊ ခရစ္ကတ္ အပါအဝင္ အားကစားလႈပ္ရွားမႈ 13 မ်ိဳးကို Tracking လုပ္ေပးႏိုင္ပါတယ္။ ဘက္ထရီ ဘယ္ေလာက္ ပါဝင္မယ္ဆိုတာ မသိရေသးေပမယ့္ 14 ရက္ၾကာ အသုံးျပဳႏိုင္မယ့္ ဘက္ထရီ ပါဝင္မယ္လို႔ ဆိုထားပါတယ္။

အေစာပိုင္းတုန္းက ထြက္ေပၚထားတဲ့ သတင္းအရ OnePlus Band မွာ 1.1 လက္မ AMOLED ႐ုပ္ထြက္ သုံးလာမွာျဖစ္ၿပီး ေဈးႏႈန္း 35 ေဒၚလာ ျဖစ္လာမယ္လို႔ သိရပါတယ္။

NetGuide Journal (Every Wednesday)