Motorola ဟာ မဝေးတော့တဲ့ ကာလအတွင်းမှာ Moto G Stylus (2021) ကို ကြေညာလာဖို့ ရှိပါတယ်။

Moto G Stylus (2021) ရဲ့ ဓာတ်ပုံများ ပေါက်ကြားဖူးပြီးလည်း ဖြစ်ပါတယ်။ ယနေ့မှာ Moto G Stylus (2021) ကို Geekbench မှာ တင်လာပြီ ဖြစ်ပါတယ်။

Geekbench မှာ ဖော်ပြမှုအရ Moto G Stylus (2021) ဟာ Single-Core ရမှတ် 542 ရရှိပြီး Multi-Core ရမှတ်က 1650 ရရှိပါတယ်။ Chipset အမည်ကို Qualcomm လို့ဘဲ ဖော်ပြထားပါတယ်။

ဒါပေမယ့် Adreno 612 GPU သုံးလာမှာဖြစ်လို့ Snapdragon 678 SoC သုံးလာမှာ သေချာပါတယ်။ Chipset ကို RAM4GB နှင့် ထောက်ပံ့လာပါမယ်။ စိတ်မကောင်းဖြစ်ရတာကတော့ Android 10 ဘဲ သုံးထားတာပါ။

အစောပိုင်းတုန်းက ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံများအရ ဒီဖုန်းမှာ ကျောဘက်ကင်မရာ 4 လုံး ပါဝင်လာမှာဖြစ်ပြီး LCD ရုပ်ထွက်နှင့် Stylus တို့ ပါဝင်ပါမယ်။

လာမယ့်ရက်တွေမှာ Moto G Sytlus (2021) နဲ့ပတ်သက်ပြီး သတင်းပိုမိုထွက်ပေါ်လာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Moto G Stylus (2021) တွင် Snapdragon 678 ၊ 4GB RAM သုံးလာမည်






