အစောပိုင်းတုန်းက Honor V40 ကို ဇန်နဝါရီလ 12 ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

ယနေ့မှာတော့ Honor ကိုယ်တိုင်က Honor V40 ကို လာမယ့် ဇန်နဝါရီလ 18 ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။

Honor က Honor V40 မှာ ထောင့်ကွေးရုပ်ထွက်၊ Dual Punch-Hole Selfie ကင်မရာ 2 လုံး ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်တို့ကို ထည့်သွင်းလာမှာဖြစ်ပြီး ဖုန်းအောက်ခြေမှာ USB Type C ပေါက်၊ မိုက်ခရိုဖုန်း၊ SIM ကတ်ပေါက်နှင့် စပီကာတို့ ပါဝင်ပါမယ်။

အစောပိုင်းတုန်းက ထွက်ပေါ်ထားတဲ့ သတင်းအရ Honor V40 ကို Dimensity 1000+ SoC နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 120Hz Refresh Rate သုံးလာမယ်လို့ သိရပါတယ်။ ဒီဖုန်းမှာ 65W Fast Charging နှင့် 55W Wireless Charging ပါဝင်မယ်လို့ သိရပါတယ်။

Honor V40 က Honor အတွက် Huawei လက်အောက်မှ ထွက်ခွာကာ သီးသန့်ကုမ္ပဏီအဖြစ် ရပ်တည်ပြီးနောက် ပထမဆုံး ကြေညာတဲ့ စမတ်ဖုန်း ဖြစ်လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Honor V40 ကို ဇန္နဝါရီလ 18 ရက္ေန႔တြင္ ေၾကညာလာမည္

အေစာပိုင္းတုန္းက Honor V40 ကို ဇန္နဝါရီလ 12 ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။

ယေန႔မွာေတာ့ Honor ကိုယ္တိုင္က Honor V40 ကို လာမယ့္ ဇန္နဝါရီလ 18 ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳလာၿပီ ျဖစ္ပါတယ္။

Honor က Honor V40 မွာ ေထာင့္ေကြး႐ုပ္ထြက္၊ Dual Punch-Hole Selfie ကင္မရာ 2 လုံး ပါဝင္လာမွာျဖစ္ေၾကာင္း အတည္ျပဳသြားပါတယ္။ ညာျခမ္းမွာ အသံအတိုးအခ်ဲ႕ခလုတ္၊ ပါဝါခလုတ္တို႔ကို ထည့္သြင္းလာမွာျဖစ္ၿပီး ဖုန္းေအာက္ေျခမွာ USB Type C ေပါက္၊ မိုက္ခ႐ိုဖုန္း၊ SIM ကတ္ေပါက္ႏွင့္ စပီကာတို႔ ပါဝင္ပါမယ္။

အေစာပိုင္းတုန္းက ထြက္ေပၚထားတဲ့ သတင္းအရ Honor V40 ကို Dimensity 1000+ SoC ႏွင့္ ပါဝါေထာက္ပံ့လာမွာျဖစ္ၿပီး 120Hz Refresh Rate သုံးလာမယ္လို႔ သိရပါတယ္။ ဒီဖုန္းမွာ 65W Fast Charging ႏွင့္ 55W Wireless Charging ပါဝင္မယ္လို႔ သိရပါတယ္။

Honor V40 က Honor အတြက္ Huawei လက္ေအာက္မွ ထြက္ခြာကာ သီးသန႔္ကုမၸဏီအျဖစ္ ရပ္တည္ၿပီးေနာက္ ပထမဆုံး ေၾကညာတဲ့ စမတ္ဖုန္း ျဖစ္လာပါမယ္။

NetGuide Journal (Every Wednesday)