Realme ဟာ စက်တင်ဘာလ 1 ရက်တုန်းက Realme X7 Pro ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။

ယခုအခါ Realme X7 Pro ဟာ နိုင်ငံတကာဈေးကွက်သို့ စတင်ခြေချလာပြီဖြစ်ပြီး ထိုင်းမှာ စတင်ရောင်းချလာပြီ ဖြစ်ပါတယ်။

ထိုင်းဈေးကွက်မှာ Realme X7 Pro ကို Memory တစ်မျိုးတည်းဖြင့်သာ ရွေးချယ်နိုင်ပြီး အနက်ရောင်၊ ရောင်ပြေးတို့ဖြင့် ရွေးချယ်နိုင်ပါမယ်။

RAM8GB နှင့် Storage 128GB ပါဝင်ကာ ထိုင်းဘတ် 16990 (ဒေါ်လာ 570) သတ်မှတ်ထားပါတယ်။

Realme X7 Pro ကို Dimensity 1000+ Chipset နှင့် ပါဝါထောက်ပံ့ထားပြီး 5G သုံးနိုင်ပါမယ်။

ထိုင်းနိုင်ငံက 5G ကွန်ရက် ရရှိနေပြီဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံ အနည်းငယ်ထဲမှ 1 ခု ဖြစ်ပါတယ်။

ဒီဖုန်းမှာ 6.55 လက်မ Super AMOLED 1080x2400px ရုပ်ထွက်၊ 64MP + 8MP Ultrawide + 2MP Macro + 2MP Depth ကျောဘက်ကင်မရာ 4 လုံး၊ ရှေ့ကင်မရာ 32MP ၊ ဘက်ထရီ 4500 mAh ၊ 65W Fast Charging တို့ ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

နိုင်ငံတကာ ဈေးကွက်သို့ Realme X7 Pro ဝင်ရောက်လာပြီ







