Samsung Galaxy M12 မှာ အစောပိုင်းတုန်းက ဘက်ထရီ 7000 mAh အထိ ပါဝင်လာမယ်လို့ သတင်းထွက်ထားပါတယ်။

ဒါပေမယ့် ယနေ့မှာ FCC မှာ ထောက်ခံချက် ရယူလာမှုအရ Samsung Galaxy M12 မှာ ဘက်ထရီ 6000 mAh သာ ပါဝင်လာပါမယ်။ ဖုန်းရဲ့မော်ဒယ်နံပါတ်က SM-M127F/DS ဖြစ်ပါတယ်။

အစောပိုင်း သတင်းများအရ Samsung Galaxy M12 ကို Exynos 850 SoC ၊ RAM3GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ကြောင်း သိရပါတယ်။ Android 11 တစ်ပါတည်း ပါဝင်ပါမယ်။

အစောပိုင်းတုန်းက ပေါက်ကြားထားတဲ့ ဓာတ်ပုံများအရ Samsung Galaxy M12 မှာ Teardrop Notch သုံးလာမှာဖြစ်ပြီး ကျောဘက်ကင်မရာ 4 လုံး ပါဝင်ပါမယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းလာပါမယ်။ USB Type C ၊ နားကြပ်ပေါက်တို့ ပါဝင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy M12 တွင် ဘက်ထရီ 6000 mAh ပါဝင်မည်




