Samsung ဟာ လာမယ့်လမှာ Galaxy S21 စီးရီးကို မိတ်ဆက်ဖို့ ပြင်နေပါတယ်။

ယင်းသို့ ကြေညာဖို့ လုပ်ဆောင်နေတာနဲ့အညီ Samsung ဟာ Galaxy S21 ကို ရောင်းချဖို့အတွက် ဈေးကွက်အသီးသီးမှာ ထောက်ခံချက်များ ရယူနေပါတယ်။

Samsung Galaxy S21 ဟာ FCC မှာ ထောက်ခံချက် ရယူလာပါတယ်။

ယင်းမှာ ကုတ်အမည် SM-G991U ဖြင့် ဖော်ပြထားပါတယ်။

FCC မှာ ဖော်ပြထားမှုအရ Samsung Galaxy S21 မှာ 25W Wired Charging ထောက်ပံ့လာမှာဖြစ်ပြီး 9W Reverse Wireless Charging လည်း ထောက်ပံ့လာမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် Galaxy S21 မှာ Galaxy S20 တုန်းကထက် 2 ဆ ပိုပြီးတော့ Reverse Wireless Charging ထောက်ပံ့လာမှာလည်း ဖြစ်ပါတယ်။

အစောပိုင်း သတင်းများအရ Samsung Galaxy S21 ကို Snapdragon 888 Chipset ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး မျက်နှာပြင် 6.3 လက်မ 120Hz Refresh Rate သုံးလာမယ်လို့ သိရပါတယ်။

Samsung ဟာ Apple လိုဘဲ Galaxy S21 စီးရီးရဲ့ ဗူးအတွင်းမှာ နားကြပ်နှင့် Charger ထည့်သွင်းပေးလာမှာ မဟုတ်ပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy S21 တွင် 9W Reverse Wireless Charging ပါဝင်မည်








