ယခုနှစ် အစောပိုင်းတုန်းက Apple ဟာ ARM Architecuture အခြေပြု ကိုယ်ပိုင်ဒီဇိုင်း ဖန်တီးထားတဲ့ Chipset အသုံးပြုထားတဲ့ Macs ကို ကြေညာသွားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ယခုအခါ Apple Silicon နှင့် ပါဝါထောက်ပံ့ထားတဲ့ Macs များကို မြင်တွေ့ရဖို့ အလွန်နီးစပ်လာပြီ ဖြစ်ပါတယ်။

Apple က လာမယ့် နိုဝင်ဘာလ 10 ရက်နေ့မှာ နောက်ထပ် ပွဲတစ်ပွဲ ကျင်းပသွားမှာဖြစ်ကြောင်း ကြေညာလာပါတယ်။ ပွဲရဲ့ခေါင်းစဉ်ကို One More Thing လို့ အမည်ပေးထားပါတယ်။ ယင်းပွဲမှာ Macs သစ်များကို ကြေညာလာဖို့ ရှိပါတယ်။

ကောလာဟလ သတင်းများအရ Apple ဟာ 13 လက်မ MacBook Air ၊ 13 လက်မ MacBook Pro ၊ 16 လက်မ MacBook Pro တို့ကို ကြေညာလာမယ်လို့ သိရပါတယ်။

ယင်း MacBook 3 မျိုးလုံးမှာ Apple Silicon သုံးလာပါမယ်။ Processor အပြောင်းအလဲ ဖြစ်လာတာကလွဲရင် ဒီဇိုင်းပိုင်းနဲ့ သုံးလာမယ့် စနစ်တွေက ယခင်ဗားရှင်းများနှင့် သိပ်ကွာခြားလာမှာ မဟုတ်ပါဘူး။

Apple ရဲ့ ပထမဆုံးကွန်ပျူတာ Chip က iPhone 12 စီးရီးမှာ အသုံးပြုထားတဲ့ A14 Bionic Chipset ကို အခြေခံပြုလုပ်ထားတာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ႏိုဝင္ဘာလ 10 ရက္ေန႔မွာ One More Thing မိတ္ဆက္ပြဲ က်င္းပသြားမယ့္ Apple

ယခုႏွစ္ အေစာပိုင္းတုန္းက Apple ဟာ ARM Architecuture အေျချပဳ ကိုယ္ပိုင္ဒီဇိုင္း ဖန္တီးထားတဲ့ Chipset အသုံးျပဳထားတဲ့ Macs ကို ေၾကညာသြားမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

ယခုအခါ Apple Silicon ႏွင့္ ပါဝါေထာက္ပံ့ထားတဲ့ Macs မ်ားကို ျမင္ေတြ႕ရဖို႔ အလြန္နီးစပ္လာၿပီ ျဖစ္ပါတယ္။

Apple က လာမယ့္ ႏိုဝင္ဘာလ 10 ရက္ေန႔မွာ ေနာက္ထပ္ ပြဲတစ္ပြဲ က်င္းပသြားမွာျဖစ္ေၾကာင္း ေၾကညာလာပါတယ္။ ပြဲရဲ႕ေခါင္းစဥ္ကို One More Thing လို႔ အမည္ေပးထားပါတယ္။ ယင္းပြဲမွာ Macs သစ္မ်ားကို ေၾကညာလာဖို႔ ရွိပါတယ္။

ေကာလာဟလ သတင္းမ်ားအရ Apple ဟာ 13 လက္မ MacBook Air ၊ 13 လက္မ MacBook Pro ၊ 16 လက္မ MacBook Pro တို႔ကို ေၾကညာလာမယ္လို႔ သိရပါတယ္။

ယင္း MacBook 3 မ်ိဳးလုံးမွာ Apple Silicon သုံးလာပါမယ္။ Processor အေျပာင္းအလဲ ျဖစ္လာတာကလြဲရင္ ဒီဇိုင္းပိုင္းနဲ႔ သုံးလာမယ့္ စနစ္ေတြက ယခင္ဗားရွင္းမ်ားႏွင့္ သိပ္ကြာျခားလာမွာ မဟုတ္ပါဘူး။

Apple ရဲ႕ ပထမဆုံးကြန္ပ်ဴတာ Chip က iPhone 12 စီးရီးမွာ အသုံးျပဳထားတဲ့ A14 Bionic Chipset ကို အေျခခံျပဳလုပ္ထားတာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)