ZTE က ကမ္ဘာ့ပထမဆုံး Under-Display Camera ပါ စမတ်ဖုန်းကို ပထမဆုံးရောင်းချတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ တကယ်တော့ ZTE ရဲ့ 2020 ခုနှစ် လှုပ်ရှားမှုက ခပ်နှေးနှေးရယ်ပါ။

ဒါပေမယ့် ၎င်းတို့ဟာ နှစ်မကုန်ခင်မှာ စမတ်ဖုန်းသစ်တွေ တောက်လျှောက်ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

ယနေ့မှာ ZTE Blade စီးရီးရဲ့ ပထမဆုံး 5G တန်ဖိုးသင့် စမတ်ဖုန်းထုတ်လုပ်ရောင်းချဖို့ TENNA မှာ ထောက်ခံချက် ရရှိလာပါတယ်။ ဒီဖုန်းကို နိုဝင်ဘာလ 11 ရက်နေ့မှာ ကြေညာလာမယ်လို့ ယူဆရပါတယ်။

ZTE စမတ်ဖုန်းရဲ့မော်ဒယ်နံပါတ်က ZTE 8012N ဖြစ်ပါတယ်။

ဒီဖုန်းမှာ LCD သုံးထားပြီး ရှေ့ကင်မရာကို Waterdrop Notch မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အရွယ်အစားနဲ့ Resolution ကို မဖော်ပြထားပါဘူး။

ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 3 လုံးပါဝင်ပြီး 48MP + 8MP Ultrawide + 2MP ဖြစ်ပါတယ်။

ဒီဖုန်းကို 2.0GHz Octa-Core CPU နှင့် ပါဝါထောက်ပံ့ထားကာ 5G ထောက်ပံ့လာပါမယ်။ RAM4GB ၊ RAM6GB တို့နှင့် ရွေးချယ်နိုင်ပြီး Storage 64GB (သို့မဟုတ်) 128GB တို့နှင့် ထပ်မံရွေးချယ်နိုင်ပါမယ်။

ဘက်ထရီ 3900 mAh ပါဝင်ပါမယ်။ Fast Charging ဘယ်လောက်ဖြင့် အားသွင်းနိုင်မယ်ဆိုတာ မဖော်ပြထားပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

2020 ခုႏွစ္ရဲ႕ ပထမဆုံး ZTE Blade 5G စမတ္ဖုန္းတြင္ သုံးလာမည့္စနစ္မ်ားကို သိရၿပီ

ZTE က ကမာၻ႔ပထမဆုံး Under-Display Camera ပါ စမတ္ဖုန္းကို ပထမဆုံးေရာင္းခ်တဲ့ကုမၸဏီ ျဖစ္ပါတယ္။ တကယ္ေတာ့ ZTE ရဲ႕ 2020 ခုႏွစ္ လႈပ္ရွားမႈက ခပ္ေႏွးေႏွးရယ္ပါ။

ဒါေပမယ့္ ၎တို႔ဟာ ႏွစ္မကုန္ခင္မွာ စမတ္ဖုန္းသစ္ေတြ ေတာက္ေလွ်ာက္ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ယူဆရပါတယ္။

ယေန႔မွာ ZTE Blade စီးရီးရဲ႕ ပထမဆုံး 5G တန္ဖိုးသင့္ စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်ဖို႔ TENNA မွာ ေထာက္ခံခ်က္ ရရွိလာပါတယ္။ ဒီဖုန္းကို ႏိုဝင္ဘာလ 11 ရက္ေန႔မွာ ေၾကညာလာမယ္လို႔ ယူဆရပါတယ္။

ZTE စမတ္ဖုန္းရဲ႕ေမာ္ဒယ္နံပါတ္က ZTE 8012N ျဖစ္ပါတယ္။

ဒီဖုန္းမွာ LCD သုံးထားၿပီး ေရွ႕ကင္မရာကို Waterdrop Notch မွာ ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္အရြယ္အစားနဲ႔ Resolution ကို မေဖာ္ျပထားပါဘူး။

ေရွ႕ကင္မရာက 8MP ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာ 3 လုံးပါဝင္ၿပီး 48MP + 8MP Ultrawide + 2MP ျဖစ္ပါတယ္။

ဒီဖုန္းကို 2.0GHz Octa-Core CPU ႏွင့္ ပါဝါေထာက္ပံ့ထားကာ 5G ေထာက္ပံ့လာပါမယ္။ RAM4GB ၊ RAM6GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး Storage 64GB (သို႔မဟုတ္) 128GB တို႔ႏွင့္ ထပ္မံေရြးခ်ယ္ႏိုင္ပါမယ္။

ဘက္ထရီ 3900 mAh ပါဝင္ပါမယ္။ Fast Charging ဘယ္ေလာက္ျဖင့္ အားသြင္းႏိုင္မယ္ဆိုတာ မေဖာ္ျပထားပါဘူး။

NetGuide Journal (Every Wednesday)