China Mobile မှာ တင်လာမှုအရ Xiaomi Mi 10T ကို Redmi K30S အမည်ပြောင်းပြီး ရောင်းချလာမယ်လို့ သိခွင့်ရခဲ့ပါတယ်။ ယနေ့မှာ Redmi K30S ဟာ TENNA မှာ ထောက်ခံချက် ရရှိလာပြီ ဖြစ်ပါတယ်။

TENNA မှာ Redmi K30S မှာ အသုံးပြုလာမယ့် စနစ်အပြည့်အစုံနှင့် ဓာတ်ပုံများကို တင်ထားပါတယ်။

Redmi K30S ရဲ့ မော်ဒယ်နံပါတ်က M2007J3SC ဖြစ်ပါတယ်။ ယင်းမှာ ဖော်ပြထားမှုအရ 64MP ကင်မရာ ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

Xiaomi ဟာ Mi 10T Pro ကို K30S Pro အမည်ပြောင်းပြီးတော့လည်း ရောင်းချလာဖို့ ရှိပါတယ်။ ယင်းဖုန်းမှာ 108MP ကင်မရာ ပါဝင်လာပါမယ်။

Redmi K30S ကို RAM 3 မျိုးနှင့် ရွေးချယ်နိုင်ပါမယ်။ RAM6/8/12GB တို့နှင့် ရွေးနိုင်ပါမယ်။ Storage 128/256/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။

ယင်းနှစ်မျိုးကို ပေါင်းစပ်ပြီး ဗားရှင်းဘယ်နှစ်မျိုးနှင့် ရောင်းချလာမလဲ မသိရသေးပါဘူး။ ဘက်ထရီ 5000 mAh ပါဝင်ပါမယ်။

ဒီဖုန်းမှာ 6.67 လက်မ FullHD+ LCD ရုပ်ထွက် သုံးလာပါမယ်။ လက်ဗွေရာစနစ်ကို ညာခြမ်းမှ ပါဝါခလုတ်အောက်မှာ ထည့်သွင်းလာပါမယ်။ Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။

ကျောဘက်ကင်မရာ 3 လုံးက 64MP + 13MP Ultrawide + 5MP Macro ဖြစ်ပါတယ်။ ရှေ့ကင်မရာက 20MP ဖြစ်ပါတယ်။ ဒီဖုန်းမှာ USB Type C သုံးလာမှာဖြစ်ပြီး 33W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Redmi K30S ရဲ့ စနစ်အပြည့်အစုံကို သိရပြီ








