Motorola ဟာ ပြီးခဲ့တဲ့ လတုန်းက Moto E7 Pro ကို ကြေညာရောင်းချခဲ့ပါတယ်။ ယခုအခါ ၎င်းတို့ဟာ Moto E7 ကိုလည်း ကြေညာရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

ယင်းမှာ ကနေဒါမှ Carrier တစ်ခုမှာ Moto E7 မှာ သုံးလာမယ့် စနစ်အပြည့်အစုံကို တင်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖုန်းကို မကြာမီ ကာလအတွင်းမှာ မိတ်ဆက်လာဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ယင်းမှာ ဖော်ပြထားမှုအရ Moto E7 မှာ 6.2 လက်မ LCD HD+ ရုပ်ထွက်နှင့် 19:9 Aspect Ratio သုံးလာပါမယ်။ Waterdrop Notch မှာ ရှေ့ကင်မရာ 5MP ပါဝင်လာပါမယ်။

ကျောဘက်ကင်မရာ 2 လုံး ပါဝင်လာမှာဖြစ်ပြီး 13MP + 2MP Depth ဖြစ်ပါတယ်။ ကျောဘက်ကင်မရာကို LED Flash နှင့် ထောက်ပံ့လာပါဦးမယ်။

လက်ဗွေရာစနစ်ကိုလည်း ကျောဘက်မှာ ထည့်သွင်းလာပါမယ်။ RAM2GB နှင့် Storage 32GB ပါဝင်လာမှာဖြစ်ပြီး microSD ကနေ ထပ်တိုးနိုင်ပါမယ်။ ဘက်ထရီ 3550 mAh ပါဝင်ကာ micro USB ကနေဘဲ အားသွင်းနိုင်ပါမယ်။

ယင်းမှာ ဖော်ပြထားမှုအရ ဒီဖုန်းကို ကနေဒါ ဒေါ်လာ 189 (ဒေါ်လာ 142) သတ်မှတ်လာမယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Moto E7 တွင် သုံးလာမယ့် စနစ်အပြည့်အစုံ ပေါက်ကြားလာ






