LG ရဲ့ အလယ်အလတ်တန်း စမတ်ဖုန်းတစ်လုံးကို Google Play Console မှာ တင်လာပါတယ်။
ယင်းမှာ ဖုန်းရဲ့ကုတ်အမည်ကို Acexim နှင့် တင်ထားပါတယ်။ LG K92 ဖြစ်ပါတယ်။
ယင်းမှာ ဖော်ပြထားမှုအရ LG K92 ကို Snapdragon 690 Chipset ၊ RAM6GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် 1080p+ ရုပ်ထွက် သုံးလာပါမယ်။
LG ရဲ့ မိခင်ဈေးကွက် တောင်ကိုရီးယားက ကမ္ဘာ့အကြီးမားဆုံး 5G ဈေးကွက်ဖြစ်ပြီး တစ်နိုင်ငံလုံးနီးပါး 5G ကွန်ရက် ဖြန့်ကျက်ထားပြီးဖြစ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း LG ဟာ 5G စမတ်ဖုန်းတွေထုတ်လုပ်ရေး ပိုမိုအားစိုက်လုပ်ဆောင်လာတာ အံ့ဩစရာတော့ မရှိပါဘူး။
LG K92 မှာ 64MP ကင်မရာ သုံးလာဖို့ရှိနေပြီး လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းလာနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
——————————————————————————————————
(Zawgyi Version)
LG K92 တွင် 5G ထောက်ပံ့လာမည်ဖြစ်ပြီး သုံးလာမယ့် စနစ်အချို့ကို သိရပြီ