Infinix ဟာ စမတ်ဖုန်းသစ် 2 မျိုးကို ကြေညာလာပါတယ်။ Note 8 နှင့် Note 8i ဖြစ်ပါတယ်။ ဖုန်း 2 မျိုးလုံးတို့မှာ MediaTekHelio G80 Chipset အသုံးပြုထားပါတယ်။

Note 8 မှာ 6.95 လက်မ 720x1640px Resolution LCD ရုပ်ထွက် သုံးထားပါတယ်။ Dual Punch-Hole ပါဝင်ပြီး 16MP + Depth Sensor သုံးထားပါတယ်။

ကျောဘက်ကင်မရာ 4 လုံးမှ အဓိက ကင်မရာက 64MP ဖြစ်ပါတယ်။ ကျန်ကင်မရာ 3 လုံးက 2MP Macro ၊ 2MP Depth နှင့် 2MP AI Lens တို့ ဖြစ်ပါတယ်။ Quad-LED Flash နှင့် ထောက်ပံ့ထားပါတယ်။

RAM6GB နှင့် Storage 128GB ပါဝင်ပြီး microSD ကနေ ထပ်တိုးနိုင်ပါတယ်။ ဘက်ထရီ 5200 mAh ပါဝင်ကာ 18W ဖြင့် အားသွင်းနိုင်ပါမယ်။ Android 10 သုံးထားပါတယ်။ ခဲရောင်၊ အပြာရောင်၊ အစိမ်းရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။

Infinix Note 8i မှာ 6.78 လက်မ LCD 720x1640px LCD ရုပ်ထွက် သုံးထားပါတယ်။ ရှေ့ကင်မရာတစ်လုံးတည်းဘဲပါဝင်ပြီး 8MP ဖြစ်ပါတယ်။

ကျောဘက်ကင်မရာ 4 လုံးက 48MP + 2MP Macro + 2MP Depth + 2MP AI Sensor ဖြစ်ပါတယ်။ ကျန်တဲ့အချက်တွေမှာတော့ Note 8 နဲ့ အတူတူ ဖြစ်ပါတယ်။

ဒီဖုန်းဈေးနှုန်းနှင့် ရောင်းချမယ့် ကာလကို မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Infinix Note 8 နှင့် Note 8i တို့ကို ကြေညာ







