Huawei ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက Huawei nova 7 SE ကို ကြေညာခဲ့ပါတယ်။ Huawei nova 7 SE မှာ Kirin 820 Chipset အသုံးပြုထားကာ 5G ထောက်ပံ့ထားပါတယ်။

ဒါပေမယ့်လည်း Huawei ဟာ အမေရိကန်ရဲ့ ကုန်သွယ်မှု ပိတ်ပင်မှုကြောင့် Kirin 820 အလုံအလောက် မရရှိမှုနှင့်အတူ ဆက်လက်ထုတ်လုပ်ရောင်းချမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။

ယနေ့မှာ Huawei ဟာ nova 7 SE 5G Youth ကို ကြေညာလာပါတယ်။ ဒီဖုန်းမှာ Dimensity 800U Chipset အသုံးပြုထားပါတယ်။

nova 7 SE 5G Youth မှာ Chipset ကလွဲရင် ကျန်တဲ့စနစ်တွေမှာတော့ nova 7 SE နှင့် အတူတူ ဖြစ်ပါတယ်။

ဒါကြောင့် nova 7 SE 5G Youth မှာလည်း 6.5 လက်မ FullHD+ LCD ၊ Android 10 အခြေပြု EMUI 10.1 သုံးထားပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ကာ USB Type C မှတဆင့် 40W ဖြင့် အားသွင်းနိုင်ပါမယ်။

nova 7 SE 5G Youth မှာ ကင်မရာ 5 လုံး ပါဝင်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး ကျောဘက်ကင်မရာ 4 လုံး ပါဝင်ပါတယ်။ ကျောဘက်ကင်မရာ 4 လုံးက 64MP + 8MP Ultrawide + 2MP Macro + 2MP Depth ဖြစ်ပါတယ်။

ဒီဖုန်းကို ဈေးနှုန်း ဒေါ်လာ 340 သတ်မှတ်ထားပြီး အရောင် 4 ရောင်နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Dimensity 800U SoC အသုံးျပဳထားတဲ့ Huawei nova 7 SE 5G Youth ကို ေၾကညာ

Huawei ဟာ ၿပီးခဲ့တဲ့ ဧၿပီလတုန္းက Huawei nova 7 SE ကို ေၾကညာခဲ့ပါတယ္။ Huawei nova 7 SE မွာ Kirin 820 Chipset အသုံးျပဳထားကာ 5G ေထာက္ပံ့ထားပါတယ္။

ဒါေပမယ့္လည္း Huawei ဟာ အေမရိကန္ရဲ႕ ကုန္သြယ္မႈ ပိတ္ပင္မႈေၾကာင့္ Kirin 820 အလုံအေလာက္ မရရွိမႈႏွင့္အတူ ဆက္လက္ထုတ္လုပ္ေရာင္းခ်မႈကို ရပ္ဆိုင္းခဲ့ရပါတယ္။

ယေန႔မွာ Huawei ဟာ nova 7 SE 5G Youth ကို ေၾကညာလာပါတယ္။ ဒီဖုန္းမွာ Dimensity 800U Chipset အသုံးျပဳထားပါတယ္။

nova 7 SE 5G Youth မွာ Chipset ကလြဲရင္ က်န္တဲ့စနစ္ေတြမွာေတာ့ nova 7 SE ႏွင့္ အတူတူ ျဖစ္ပါတယ္။

ဒါေၾကာင့္ nova 7 SE 5G Youth မွာလည္း 6.5 လက္မ FullHD+ LCD ၊ Android 10 အေျချပဳ EMUI 10.1 သုံးထားပါတယ္။

ဘက္ထရီ 4000 mAh ပါဝင္ကာ USB Type C မွတဆင့္ 40W ျဖင့္ အားသြင္းႏိုင္ပါမယ္။

nova 7 SE 5G Youth မွာ ကင္မရာ 5 လုံး ပါဝင္ပါတယ္။ ေရွ႕ကင္မရာက 16MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာ 4 လုံး ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာ 4 လုံးက 64MP + 8MP Ultrawide + 2MP Macro + 2MP Depth ျဖစ္ပါတယ္။

ဒီဖုန္းကို ေဈးႏႈန္း ေဒၚလာ 340 သတ္မွတ္ထားၿပီး အေရာင္ 4 ေရာင္ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)