ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက OmniVision ဟာ 0.8 µm ရှိ 64MP 1/1.7’’ Sensor ကို ကြေညာခဲ့ပါတယ်။

ယနေ့မှာ OmniVision ဟာ ပိုမိုကြီးမားတဲ့ 64MP Sensor ကို ကြေညာလာပါတယ်။ 1/1.34” နှင့် 1.0 µm ရှိပါတယ်။ ဒီဆင်ဆာကို မြင်ကွင်းကျယ်ရိုက်ကူးရာမှာလည်း သုံးနိုင်ပါတယ်။

OmniVision ရဲ့ ကင်မရာဆင်ဆာသစ်က ယခင်ဆင်ဆာထက် အလင်းပေးမှု 60 ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်ပါတယ်။ 4-Cell Color Filter (Quad Bayer) ပါဝင်ပါတယ်။

ဗီဒီယိုရိုက်ကူးမှုကို 8K@30fps ဖြင့် ပြုလုပ်နိုင်ပါတယ်။

ဒါ့အပြင် 2-in-3 Exposure HDR လည်း ထောက်ပံ့ထားတာကြောင့် အလင်းရောင်ကို အံတုကာ အင်မတန်ကောင်းမွန်တဲ့ ဓာတ်ပုံကောင်းများ ရိုက်ကူးနိုင်ပါမယ်။

အခြားတစ်ဖက်မှာ 3-Exposure ၊4-Cell HDR နှင့် Tone Mapping လည်း ပါဝင်ပါတယ်။

4K ဗီဒီယိုရိုက်ကူးမှုကို 120fps ဖြင့် ပြုလုပ်နိုင်သလို EIS (Electronic Image Stablilization) ပါဝင်ပါတယ်။

ဒါ့အပြင် 1080p@240fps ၊ 720p@480fps တို့ဖြင့်လည်း ဗီဒီယိုရိုက်ကူးနိုင်ပါမယ်။

OminiVision Sensor သစ်ကို ယခုနှစ် နှစ်ကုန်ပိုင်းမှာ အကြီးအကျယ်ထုတ်လုပ်မှု ပြုလုပ်သွားမှာဖြစ်ပြီး 2021 ခုနှစ် အစောပိုင်းထွက် စမတ်ဖုန်းများမှာ စတင်အသုံးပြုလာကြမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

1.0 µm ရွိ 64MP Sensor ကို OmniVision ေၾကညာ

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက OmniVision ဟာ 0.8 µm ရွိ 64MP 1/1.7’’ Sensor ကို ေၾကညာခဲ့ပါတယ္။

ယေန႔မွာ OmniVision ဟာ ပိုမိုႀကီးမားတဲ့ 64MP Sensor ကို ေၾကညာလာပါတယ္။ 1/1.34” ႏွင့္ 1.0 µm ရွိပါတယ္။ ဒီဆင္ဆာကို ျမင္ကြင္းက်ယ္႐ိုက္ကူးရာမွာလည္း သုံးႏိုင္ပါတယ္။

OmniVision ရဲ႕ ကင္မရာဆင္ဆာသစ္က ယခင္ဆင္ဆာထက္ အလင္းေပးမႈ 60 ရာခိုင္ႏႈန္းအထိ ပိုမိုေကာင္းမြန္ပါတယ္။ 4-Cell Color Filter (Quad Bayer) ပါဝင္ပါတယ္။

ဗီဒီယို႐ိုက္ကူးမႈကို 8K@30fps ျဖင့္ ျပဳလုပ္ႏိုင္ပါတယ္။

ဒါ့အျပင္ 2-in-3 Exposure HDR လည္း ေထာက္ပံ့ထားတာေၾကာင့္ အလင္းေရာင္ကို အံတုကာ အင္မတန္ေကာင္းမြန္တဲ့ ဓာတ္ပုံေကာင္းမ်ား ႐ိုက္ကူးႏိုင္ပါမယ္။

အျခားတစ္ဖက္မွာ 3-Exposure ၊4-Cell HDR ႏွင့္ Tone Mapping လည္း ပါဝင္ပါတယ္။

4K ဗီဒီယို႐ိုက္ကူးမႈကို 120fps ျဖင့္ ျပဳလုပ္ႏိုင္သလို EIS (Electronic Image Stablilization) ပါဝင္ပါတယ္။

ဒါ့အျပင္ 1080p@240fps ၊ 720p@480fps တို႔ျဖင့္လည္း ဗီဒီယို႐ိုက္ကူးႏိုင္ပါမယ္။

OminiVision Sensor သစ္ကို ယခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ အႀကီးအက်ယ္ထုတ္လုပ္မႈ ျပဳလုပ္သြားမွာျဖစ္ၿပီး 2021 ခုႏွစ္ အေစာပိုင္းထြက္ စမတ္ဖုန္းမ်ားမွာ စတင္အသုံးျပဳလာၾကမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)