OnePlus 8T ကို ကြေညာလာပြီးဖြစ်ပါတယ်။ အစောပိုင်းတုန်းက OnePlus 8T နှင့်အတူ OnePlus Watch ကိုလည်း ကြေညာလာမယ်လို့ ယူဆခဲ့ကြပေမယ့် မကြေညာခဲ့ပါဘူး။

OnePlus Watch ထွက်လာဖို့ စောင့်ဆိုင်းရပါဦးမယ်။

တကယ်တော့ OnePlus ဟာ 2016 ခုနှစ် ကတည်းက စမတ်နာရီထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပုံကြမ်းအဆင့်အထိ အပြီးသတ်နိုင်ခဲ့ပေမယ့် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင် ဒီဇိုင်းအပေါ် ကျေနပ်ခြင်း မရှိမှုနှင့်အတူ ရပ်လိုက်တာ ဖြစ်ပါတယ်။

OnePlus ယခုအခါ OnePlus Watch ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ပြီး အဝိုင်းရုပ်ထွက်ဒီဇိုင်း အသုံးပြုလာပါမယ်။

OnePlus ရဲ့ ညီအစ်မ ကုမ္ပဏီများဖြစ်ကြတဲ့ OPPO နှင့် Vivo တို့က စမတ်နာရီများ ထုတ်လုပ်ရောင်းချထားပြီး ဖြစ်ပါတယ်။

OnePlus Watch က Vivo Watch ကို အခြေခံလာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OnePlus Watch ထြက္လာရန္ ေသခ်ာေနေၾကာင္း OnePlus အတည္ျပဳ

OnePlus 8T ကို ေၾကညာလာၿပီးျဖစ္ပါတယ္။ အေစာပိုင္းတုန္းက OnePlus 8T ႏွင့္အတူ OnePlus Watch ကိုလည္း ေၾကညာလာမယ္လို႔ ယူဆခဲ့ၾကေပမယ့္ မေၾကညာခဲ့ပါဘူး။

OnePlus Watch ထြက္လာဖို႔ ေစာင့္ဆိုင္းရပါဦးမယ္။

တကယ္ေတာ့ OnePlus ဟာ 2016 ခုႏွစ္ ကတည္းက စမတ္နာရီထုတ္လုပ္ဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဒီဇိုင္းပုံၾကမ္းအဆင့္အထိ အၿပီးသတ္ႏိုင္ခဲ့ေပမယ့္ စီမံကိန္းကို ရပ္ဆိုင္းထားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ေျပာရမယ္ဆိုရင္ ဒီဇိုင္းအေပၚ ေက်နပ္ျခင္း မရွိမႈႏွင့္အတူ ရပ္လိုက္တာ ျဖစ္ပါတယ္။

OnePlus ယခုအခါ OnePlus Watch ထုတ္လုပ္ႏိုင္ေရးအတြက္ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး အဝိုင္း႐ုပ္ထြက္ဒီဇိုင္း အသုံးျပဳလာပါမယ္။

OnePlus ရဲ႕ ညီအစ္မ ကုမၸဏီမ်ားျဖစ္ၾကတဲ့ OPPO ႏွင့္ Vivo တို႔က စမတ္နာရီမ်ား ထုတ္လုပ္ေရာင္းခ်ထားၿပီး ျဖစ္ပါတယ္။

OnePlus Watch က Vivo Watch ကို အေျခခံလာမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)