OPPO ဟာ OPPO A15 ကို ကြေညာလာပြီ ဖြစ်ပါတယ်။ OPPO ဟာ ဇူလိုင်လတုန်းက OPPO A12 ကို ကြေညာရောင်းချပြီးနောက် ယနေ့မှာ OPPO A15 ကို ကြေညာလာတာလည်း ဖြစ်ပါတယ်။

OPPO A15 မှာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ လူကြိုက်များနေတဲ့ ဒီဇိုင်း၊ Teardrop Notch ၊ ကြီးမားတဲ့ ဘက်ထရီနှင့် ကျောဘက်ကင်မရာ 3 လုံး ပါဝင်ပါတယ်။

OPPO A15 ရဲ့ ကျောဘက်မှာ ပိုလီကာဗွန်နိုက်ပါဝင်ပြီး ထောင့်ကွေးသုံးထားပါတယ်။ 164 x 75 x 8 မီလီမီတာရှိပြီး အလေးချိန် 175 ဂရမ် ရှိပါတယ်။

ဒီဖုန်းမှာ မျက်နှာပြင် 6.52 လက်မ IPS LCD HD+ ရုပ်ထွက် သုံးထားပါတယ်။ ဒီဖုန်းက တန်ဖိုးသင့်စမတ်ဖုန်းဖြစ်ပေမယ့် အသုံးပြုမှုအပေါ်မူတည်ပြီး အလိုအလျှောက် အတိုးအလျှော့လုပ်နိုင်တဲ့စနစ် ပါဝင်ပါတယ်။

OPPO A15 ကို Helio P35 Chipset ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Storage 32GB ပါဝင်ပြီး microSD ကနေ ထပ်တိုးနိုင်ပါတယ်။

Android 10 အခြေပြု ColorOS 7.2 သုံးထားပါတယ်။ ဘက်ထရီ 4230 mAh ပါဝင်ကာ 10W ဖြင့် အားသွင်းနိုင်ပါမယ်။

ကျောဘက်ကင်မရာ 3 လုံးက 13MP + 2MP Bokeh + 2MP Macro ပါဝင်ပါတယ်။ LED Flash ထောက်ပံ့ထားပါတယ်။ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ Dual-SIM ၊ VoLTE ၊ Bluetooth 5.0 ၊ GPS ၊ microUSB နှင့် နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။

OPPO A15 ကို ဈေးနှုန်း ဒေါ်လာ 203 သတ်မှတ်ထားပြီး Dynamic Black ၊ Mystery Blue အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

6.52 လက္မ ႐ုပ္ထြက္ ၊ Helio P35 ၊ 13MP Triple Camera ပါဝင္တဲ့ OPPO A15 ကို ေၾကညာ

OPPO ဟာ OPPO A15 ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။ OPPO ဟာ ဇူလိုင္လတုန္းက OPPO A12 ကို ေၾကညာေရာင္းခ်ၿပီးေနာက္ ယေန႔မွာ OPPO A15 ကို ေၾကညာလာတာလည္း ျဖစ္ပါတယ္။

OPPO A15 မွာ လက္ရွိစမတ္ဖုန္းေဈးကြက္မွာ လူႀကိဳက္မ်ားေနတဲ့ ဒီဇိုင္း၊ Teardrop Notch ၊ ႀကီးမားတဲ့ ဘက္ထရီႏွင့္ ေက်ာဘက္ကင္မရာ 3 လုံး ပါဝင္ပါတယ္။

OPPO A15 ရဲ႕ ေက်ာဘက္မွာ ပိုလီကာဗြန္ႏိုက္ပါဝင္ၿပီး ေထာင့္ေကြးသုံးထားပါတယ္။ 164 x 75 x 8 မီလီမီတာရွိၿပီး အေလးခ်ိန္ 175 ဂရမ္ ရွိပါတယ္။

ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.52 လက္မ IPS LCD HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ ဒီဖုန္းက တန္ဖိုးသင့္စမတ္ဖုန္းျဖစ္ေပမယ့္ အသုံးျပဳမႈအေပၚမူတည္ၿပီး အလိုအေလွ်ာက္ အတိုးအေလွ်ာ့လုပ္ႏိုင္တဲ့စနစ္ ပါဝင္ပါတယ္။

OPPO A15 ကို Helio P35 Chipset ၊ RAM3GB ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ Storage 32GB ပါဝင္ၿပီး microSD ကေန ထပ္တိုးႏိုင္ပါတယ္။

Android 10 အေျချပဳ ColorOS 7.2 သုံးထားပါတယ္။ ဘက္ထရီ 4230 mAh ပါဝင္ကာ 10W ျဖင့္ အားသြင္းႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာ 3 လုံးက 13MP + 2MP Bokeh + 2MP Macro ပါဝင္ပါတယ္။ LED Flash ေထာက္ပံ့ထားပါတယ္။ ေရွ႕ကင္မရာက 5MP ျဖစ္ပါတယ္။ Dual-SIM ၊ VoLTE ၊ Bluetooth 5.0 ၊ GPS ၊ microUSB ႏွင့္ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။

OPPO A15 ကို ေဈးႏႈန္း ေဒၚလာ 203 သတ္မွတ္ထားၿပီး Dynamic Black ၊ Mystery Blue အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)