ဇူလိုင်လမှ စက်တင်ဘာလအထိ 3 လတာ ကာလအတွင်းမှာ စမတ်ဖုန်းအသုံးပြုတဲ့အချိန် မြင့်မားလာမှုနှင့်အတူ Google Play Store မှာ App ဒေါင်းလော့ခ် လုပ်မှုပမာဏကလည်း အလွန်မြင့်မားနေပါတယ်။

2020 ခုနှစ် ၊ တတိယသုံးလအတွင်းမှာ Google Play Store မှာ App ဒေါင်းလော့ခ် လုပ်မှု 28.3 ဘီလီယံအထိရှိခဲ့ပါတယ်။

Google Play Store မှာ App ဒေါင်းလော့ခ် လုပ်မှုပမာဏက Apple App Store နှင့် နှိုင်းယှဉ်ရင် 3 ဆကျော်အထိ မြင့်မားပါတယ်။

Apple App Store မှာ App ဒေါင်းလော့ခ် လုပ်မှုပမာဏက စုစုပေါင်း 8.2 ဘီလီယံအထိဘဲ ရှိပါတယ်။

အခြားတစ်ဖက်မှာ Google Play Store မှာ App စုစုပေါင်း 2.7 သန်းကျော်အထိ ရှိနေကာ App Store ထက် များစွာ သာလွန်နေပါတယ်။ Apple App Store မှာ App စုစုပေါင်း 1.82 သန်းဘဲ ရှိပါတယ်။

Google Play Store မှာ ဒေါင်းလော့ခ် အလုပ်ခံရဆုံးက ဂိမ်းစ် App များဖြစ်ပြီး 13.49 ရာခိုင်နှုန်းအထိ လွှမ်းမိုးထားပါတယ်။

ဒုတိယအများဆုံးက ပညာရေးဆိုင်ရာဖြစ်ကာ 9.11 ရာခိုင်နှုန်း ရှိပါတယ်။ စီးပွားရေး App က 6.95 ရာခိုင်နှုန်းဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

2020 ခုနှစ် ၊ တတိယသုံးလတွင် Google Play တွင် ဒေါင်းလောခ့် လုပ်မှု 28 ဘီလီယံအထိရှိ







