အရွယ်အစားကြီး SD Card တွေကို အသုံးပြုတဲ့နေရာက ကျဉ်းမြောင်းလာပါတယ်။ မျက်မှောက်ခေတ်မှာ DSLR ကင်မရာတွေမှာဘဲ အဓိက မြင်တွေ့ရပါတော့တယ်။

တကယ်လို့ သင်ဟာ ကင်မရာသမားတစ်ဦးဆိုရင် လျှင်မြန်စွာ အလုပ်လုပ်တဲ့ Card တစ်ခု လိုချင်တယ်၊ ဓာတ်ပုံ၊ ဗီဒီယိုတို့ကို ကာလရှည်ကြာ မပျောက်ပျက်အောင် ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခု ရှိနေပါတယ်။

Samsung ဟာ PRO Plus နှင့် EVO Plus SD Cards တို့ကို ကြေညာလာပါတယ်။ 2 မျိုးလုံးကို 32GB မှ 256GB ဗားရှင်းအထိ ရွေးချယ်နိုင်ပါတယ်။

ကတ်အားလုံးက ရေစိမ်ခံနိုင်ပြီး ရေအောက် 1 မီတာမှာ 3 ရက်တိုင်တိုင် အစိမ်ခံနိုင်ပါတယ်။ ဆားငံရေမှာပါ အစိမ်ခံနိုင်ပါတယ်။

ဒါ့အပြင် 5 မီတာအမြင့်မှ ပြုတ်ကျမှုဒဏ်ခံနိုင်ပြီး အပူချိန် -25 ဒီဂရီစဲလ်စီးယက်စ်နှင့် 85 ဒီဂရီစဲလ်စီးယက်စ်တို့ အကြားတွင်လည်း မပျက်စီးဘဲ ရှိနေနိုင်ပါတယ်။

ဒါ့အပြင် ရေဒီယိုသတ္တုကြွဒဏ်လည်း ခံနိုင်ပါတယ်။ Samsung ဟာ ကတ်များကို 10 နှစ်အထိ အာမခံပေးထားပါတယ်။

Samsung PRO Plus က Reading Speed 100MBs ရှိပြီး Writing Speed က 90MBs ရှိပါတယ်။ EVO Plus ရဲ့ ဒေတာပြောင်းရွှေ့မှုမြန်နှုန်းက 100MBs ရှိပါတယ်။

Samsung Pro Plus ရဲ့ 32GB ကို 10 ဒေါ်လာ ၊ 64GB ကို 17 ဒေါ်လာ ၊ 128GB ကို 26 ဒေါ်လာနှင့် 256GB ကို ဒေါ်လာ 50 သတ်မှတ်ထားပါတယ်။

Samsung EVO Plus ရဲ့ 32GB ကို 7 ဒေါ်လာ ၊ 64GB ကို 13 ဒေါ်လာ ၊ 128GB ကို ဒေါ်လာ 20 နှင့် 256GB ကို ဒေါ်လာ 40 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ျပဳတ္က်မႈဒဏ္ ၊ ဆားငံေရဒဏ္ ခံႏိုင္တဲ့ PRO Plus ႏွင့္ EVO Plus SD Cards ကို Samsung ေၾကညာ

အရြယ္အစားႀကီး SD Card ေတြကို အသုံးျပဳတဲ့ေနရာက က်ဥ္းေျမာင္းလာပါတယ္။ မ်က္ေမွာက္ေခတ္မွာ DSLR ကင္မရာေတြမွာဘဲ အဓိက ျမင္ေတြ႕ရပါေတာ့တယ္။

တကယ္လို႔ သင္ဟာ ကင္မရာသမားတစ္ဦးဆိုရင္ လွ်င္ျမန္စြာ အလုပ္လုပ္တဲ့ Card တစ္ခု လိုခ်င္တယ္၊ ဓာတ္ပုံ၊ ဗီဒီယိုတို႔ကို ကာလရွည္ၾကာ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းထားခ်င္တယ္ဆိုရင္ေတာ့ သင့္အတြက္ သတင္းေကာင္းတစ္ခု ရွိေနပါတယ္။

Samsung ဟာ PRO Plus ႏွင့္ EVO Plus SD Cards တို႔ကို ေၾကညာလာပါတယ္။ 2 မ်ိဳးလုံးကို 32GB မွ 256GB ဗားရွင္းအထိ ေရြးခ်ယ္ႏိုင္ပါတယ္။

ကတ္အားလုံးက ေရစိမ္ခံႏိုင္ၿပီး ေရေအာက္ 1 မီတာမွာ 3 ရက္တိုင္တိုင္ အစိမ္ခံႏိုင္ပါတယ္။ ဆားငံေရမွာပါ အစိမ္ခံႏိုင္ပါတယ္။

ဒါ့အျပင္ 5 မီတာအျမင့္မွ ျပဳတ္က်မႈဒဏ္ခံႏိုင္ၿပီး အပူခ်ိန္ -25 ဒီဂရီစဲလ္စီးယက္စ္ႏွင့္ 85 ဒီဂရီစဲလ္စီးယက္စ္တို႔ အၾကားတြင္လည္း မပ်က္စီးဘဲ ရွိေနႏိုင္ပါတယ္။

ဒါ့အျပင္ ေရဒီယိုသတၱဳႂကြဒဏ္လည္း ခံႏိုင္ပါတယ္။ Samsung ဟာ ကတ္မ်ားကို 10 ႏွစ္အထိ အာမခံေပးထားပါတယ္။

Samsung PRO Plus က Reading Speed 100MBs ရွိၿပီး Writing Speed က 90MBs ရွိပါတယ္။ EVO Plus ရဲ႕ ေဒတာေျပာင္းေရႊ႕မႈျမန္ႏႈန္းက 100MBs ရွိပါတယ္။

Samsung Pro Plus ရဲ႕ 32GB ကို 10 ေဒၚလာ ၊ 64GB ကို 17 ေဒၚလာ ၊ 128GB ကို 26 ေဒၚလာႏွင့္ 256GB ကို ေဒၚလာ 50 သတ္မွတ္ထားပါတယ္။

Samsung EVO Plus ရဲ႕ 32GB ကို 7 ေဒၚလာ ၊ 64GB ကို 13 ေဒၚလာ ၊ 128GB ကို ေဒၚလာ 20 ႏွင့္ 256GB ကို ေဒၚလာ 40 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)